ပြည်တွင်းတွင် ရှိသော တောင်ပြို တတ်သည့် နေရာ များတွင် ဂျပန် နည်းပညာများ သုံးကာ ကာကွယ် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ Ehime University မှ Dr Mitsu Okam- ura က ပြောကြားသည်။ အဆိုပါ တောင်ပြို မှုမှာ သဘာဝ အလျှောက် မြေစိုင် ခဲများ ပြိုဆင်းလာ စေခဲ့ခြင်း ဖြစ်သလို ငလျင် လှုပ်ပြီးနောက် အရည်ပျော် ဖြစ်စဉ် များ၏ ဆက်စပ် မှုကြောင့်လည်း ဖြစ်တတ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် မကြာ ခဏ ဆိုသလို ငလျင်များ လှုပ်လေ့ ရှိပြီး တောင်ပြို မှုများ လည်းဖြစ် ပေါ်ကာ ဆုံးရှုံး မှုများ ဖြစ်စေခြင်းကြောင့် ယခုနောက်ပိုင်း အဆင့်မြင့် နည်းပညာ များဖြင့် သုံးစွဲ ခဲ့ကြောင်း၊ မြန်မာ နိုင်ငံ တွင်လည်း မိုးရာသီ၌ ဖြစ်လေ့ ရှိသော တောင် ပြိုမှုများ အတွက် ၄င်း နည်းပညာ သစ်များဖြင့် ဟန့်တား လုပ်ဆောင်သည့် အခါ လမ်းပန်းဆက် သွယ်မှုကို ချောမွေ့ စေမည် ဟုလည်း ၄င်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် ရန်ကုန်-စစ်တွေ လမ်းတွင် လည်းကောင်း၊ မန္တလေး-တောင်ကြီး လမ်းတွင် လည်းကောင်း၊ ရန်ကုန်-ဘားအံ -ကော့ကရိတ်-မြ၀တီလမ်းတွင် လည်းကောင်း မိုးတွင်း ကာလတွင် တောင်ပြို မှုကြောင့် လမ်း ကြောင်း ပိတ်ဆို့ မှုများလည်း ဖြစ်ခဲ့ရာ လိုအပ်သော စီစဉ် မှုများဖြင့် လုပ်ဆောင် သွားရန် ပြည်တွင်း အင်ဂျင်နီယာများက ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။ မိုးရေ တိုက်စား မှုကြောင့် သာမန် တောင်ပြို မှုများ အတွက် အမြစ် ကုပ်တွယ်မှု အားကောင်းသော သစ်ပင် များကို စိုက်ပျိုး ထိန်းသိမ်း ထားနိုင် သော်လည်း ငလျင်ကြောင့် ဖြစ်သော တောင်ပြိုမှု အတွက် ပြုလုပ် သွားရမည့် နည်းများကို ကြိုတင် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဘူမိဗေဒဆိုင်ရာ လေ့လာ မှုနှင့် ပတ်သက်၍ ဂျပန် ပညာရှင် များက မြန်မာ ပညာရှင် များနှင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်တွင် မကြာမီ ကွင်းဆင်း လုပ်ဆောင် လေ့လာရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၀ခုနှစ် မတ်လ ၂၈ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြထား သည်။
၂၇ . ၃ . ၂၀၁၀
|

0 comments:
Post a Comment