Navigation - link to other main sections from here


ဓည၀တီခေတ် ကျောက် ပန်းကန်ပြားများတွေ့


ရခိုင် ပြည်နယ် ကျောက်တော် မြို့နယ် ညောင်ချောင်း ကျေးရွာ အနီးမှ ညောင်ချောင်း ရွာသား တစ်ဦးက မိမိ၏ ဥယျာဉ်ခြံမြေအား ထွန်ယက်စဉ် မြေကြီး ထဲမှ ရှေးဟောင်း ကျောက် ပန်းကန်ပြား ခြောက်ချပ် တူးဖော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောက် ပန်းကန်ပြား များမှာ အရွယ်အစား တစ်မျိုးစီ ဖြစ်ပြီး အကြီးဆုံးမှာ ၁၈ လက်မ အထိ ရှိကာ အသေးဆုံးမှာ ရှစ်လက်မ အထိ ရှိကြောင်း သိရသည်။ ကျောက်ပန်းကန်ပြား များကို သမိုင်းသုတေသီ များက ရှေးခေတ် ရခိုင် သမိုင်းတွင် ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ ခေတ်ကြီး လေးခေတ် ရှိသည့် အနက် အစောဆုံး ဖြစ်သည်။ ဓည၀တီခေတ်(ဘီစီ ၃၀၀၀ခန့်) က လက်ရာ တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆို ကြသည်။

ကျောက်တော်မြို့နယ်သည် ရှေးရခိုင် တို့၏ ဓည၀တီ မြို့တော်ဟောင်း တည်ရှိ ခဲ့ရာ ဒေသ တစ်ခု ဖြစ်ပြီး ယခင် ကလည်း ကျောက်တော် မြို့နယ်မှ ယခု ကျောက် ပန်းကန်ပြား များ နှင့် ပုံစံတူ လေးချပ် ရရှိခဲ့ကြောင်း သိရသည်။ ကျောက် ပန်းကန်ပြား ခြောက်ချပ် ကိုလည်း သက်ဆိုင်ရာ ရှေးဟောင်း သုတေသန ဌာနသို့ အပ်နှံ သိမ်းဆည်း ထားပြီး ဖြစ်ကြောင်း သိရသည်။

၁၄ . ၁၁ . ၂၀၁၀ © Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats