Navigation - link to other main sections from here


နေပြည်တော် - မန္တလေး အမြန် လမ်းပိုင်း တွင် ယာဉ်ထိန်း ရဲစခန်း ငါးခု ဖွင့်မည်


နေပြည်တော် - မန္တလေး အမြန် လမ်းပိုင်း ပြီးစီး ပါက ယာဉ်ထိန်း ရဲစခန်း ငါးခု ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း နေပြည်တော်၊ ကြိုးမဲ့ နှင့် ကြေးနန်း ယာဉ်ထိန်း တပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး အောင်နိုင်က ပြောကြား သည်။ ယခုအခါ အဆိုပါ လမ်းပိုင်းကို မကြာမီ ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိပြီး ယင်း လမ်းပိုင်း ဖွင့်လှစ် ပြီးပါက ယင်းယာဉ်ထိန်း ရဲစခန်း များတွင် ချထားပေးမည့် ယာဉ်ထိန်းရဲ များအား ယာဉ် စည်းကမ်း၊ လမ်း စည်းကမ်း ဆိုင်ရာ သင်တန်းများ ပို့ချပြီး ဖြစ်ကြောင်း သိရသည်။

“ရန်ကုန် - နေပြည်တော် လမ်းပိုင်းမှာ ယာဉ်ထိန်း ရဲစခန်း ခြောက်ခုကို သင့်တင့်တဲ့ ယာဉ်ထိန်း အင်အားနဲ့ ချထား ပေးပြီး ဖြစ်ပါတယ်။ နေပြည်တော်- မန္တလေး လမ်းပိုင်း ဖွင့်လှစ် ပြီးစီးရင် အဲဒီ လမ်းပိုင်းမှာ စခန်း ငါးခု ဖွင့်လှစ်မယ်။ အဲဒီ စခန်း တွေမှာ ထားရှိမယ့် ယာဉ်ထိန်း ရဲ တွေကိုလဲ အရန်သင့် ထားရှိထားပြီ ဖြစ်ပါ တယ်”ဟု ရဲမှူးကြီးက ထပ်မံ ပြောသည်။ ယင်းရန်ကုန်- နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး တစ်လျှောက်တွင် ယာဉ် မတော်တဆ မှုများ လျော့နည်း ပပျောက် စေရန်အတွက် ယင်းသို့ ယာဉ်ထိန်း ရဲစခန်းများ ဖွင့်လှစ်ခြင်း အပြင် ယာဉ်မောင်းသူ များနှင့် ယင်းဒေသ အနီးအနားတွင် နေထိုင်လျက် ရှိသော ဒေသခံများ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ သိရှိ လိုက်နာ စေရန် အသိ ပညာပေး ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ ဆိုင်ကယ်၊ ကုန်တင်ယာဉ်၊ ထော်လာဂျီ ယာဉ်များ မောင်းနှင်ခြင်း များအား ကန့်သတ် ခြင်း စသည် တို့ကို ဆောင်ရွက်လျက် ရှိသည်။

“အမြန် လမ်းမကြီးမှာ ယာဉ် မတော်တဆ ဖြစ်ပွားရတဲ့ အကြောင်းအရင်း တွေကို ကြည့်ရင် ယာဉ်မောင်း တွေဟာ အဝေးပြေး လမ်းတွေနဲ့ စိမ်းတာရယ်၊ ခါးပတ် ပတ်ခြင်း မရှိတာ တွေအပြင် အရှိန်ပြင်း မောင်းနှင် ကြတာ တွေကြောင့် ဖြစ်ပွားတာကို တွေ့ရတယ်။ အခု နောက်ပိုင်း မှာတော့ ယာဉ် မတော်တဆ ဖြစ်ပွားမှု နှုန်းတွေ နည်းလာ ပါတယ်” ဟု ယင်းက ဆိုသည်။ အဆိုပါ အမြန် လမ်းမကြီး မဖွင့်မီမှ ယခု အထိ ယင်း လမ်းမကြီး ပေါ်တွင် ယာဉ် မတော်တဆ ဖြစ်ပွားမှု ပေါင်း ၁၀၀ ကျော်ခန့် ရှိကာ ခရီးသည် ၄၀ခန့် သေဆုံး ခဲ့ကြောင်း သိရသည်။

၃၀ . ၁၀ . ၂၀၁၀
ZTH
© Flower News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats