Navigation - link to other main sections from here


ရွှေတိဂုံစေတီတော် စနေထောင့်မှ ရခိုင်တန်ဆောင်း နှစ် ၁၀၀ ပြည့်တော့မည်


ရွှေတိဂုံ စေတီတော် စနေ ထောင့်မှ ရခိုင် တန်ဆောင်း နှစ် ၁၀၀ ပြည့်တော့ မည် ဖြစ်ကြောင်း ရခိုင် တန်ဆောင်း စောင့်ရှောက်ရေး အသင်း (ရန်ကုန်) ၏ တာဝန်ရှိ သူက ပြောသည်။ အဆိုပါ တန်ဆောင်းကို ၁၉၁၁ ခုနှစ်တွင် တည်ဆောက် လှူဒါန်းခဲ့ သူမှာ အနောက်ပြည် ရခိုင်သားများ ဖြစ်ကြသော ဦးဖထော်၊ ဦးဒိုးအောင်တို့ ဖြစ်ကြောင်း ယင်းက ဆိုသည်။ တန်ဆောင်းကြီးကို နှစ်ကာလရှည် ကြာစွာ တည်တံ့ ခိုင်မြဲ စေရန် ရွှေတိဂုံ စေတီတော် (စနေထောင့်) ရခိုင် တန်ဆောင်း ထိန်းသိမ်းစောင့် ရှောက်ရေး အသင်းက တာဝန်ယူ စောင့်ရှောက်ခဲ့ ကြရာ ၂၀၁၁ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်တော့မည် ဖြစ်သည်။ ယင်းတန်ဆောင်းတွင် အလှူရှင် ကုန်သည်နှစ်ဦး၏ ဓာတ်ပုံကိုလည်း ချိတ်ထားရာ ယခုတိုင် မပျက်မစီး ရှိနေ သေးသည်ကို တွေ့ရသည်။


တန်ဆောင်းကြီးမှာ ရှေးဆန်ကာ ခံ့ညား ထည်ဝါမှု ရှိသော အနုစိတ်က နုတ်တို့က စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ ယင်းအတွက် နိုင်ငံခြားသား များက ရွှေတိဂုံ စေတီတော် ရင်ပြင်သို့ ရောက်တိုင်း ရခိုင် တန်ဆောင်းကို လေ့လာ ကြကြောင်း ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။အဆိုပါ တန်ဆောင်းတွင် အနောက်ပြည် ရခိုင် ကုန်သည်များ ကောင်းမှု ဟူ၍ ရေးသား ထားသည်ကို တွေ့ရပြီး ရွှေတိဂုံ စေတီ ရင်ပြင် ပေါ်တွင် ရှားစေးရောင် ပန်းကနုတ် တို့ဖြင့် ထူးထူးခြားခြား တွေ့မြင် နိုင်သည်။

၁၇ . ၁၁ . ၂၀၁၀
© ပြည်မြန်မာ


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats