ပြည်သူ့ရင်ပြင် ဥယျာဉ် အနီး အလုံလမ်း နှင့် ပြည်လမ်းထောင့် တွင်ရှိသော ပြည်သူ့ လွှတ်တော် အဆောက် အအုံ နေရာတွင် စက်တင်ဘာ (၂၀) ရက်နေ့မှ စတင်ပြီး တိုင်းရုံးကြီး လေးရုံး ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လွှတ်တော်တွင် ပြောင်းရွှေ့ ဖွင့်လှစ်မည့် ရုံးများ မှာ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ၊ နယ်စပ် ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် စည်ပင် သာယာရေး ဦးစီး ဌာနရုံး ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံ တင်ရေး ဦးစီးဌာနရုံး တို့ဖြစ် ကြသည်။
၂၈ . ၉ . ၂၀၁၀
|

0 comments:
Post a Comment