ပုဂ္ဂလိက ဘဏ်သစ်များ ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိသော ထိပ်တန်း ကုမ္ပဏီ လေးခု အနက် ဧဒင် အုပ်စု ကုမ္ပဏီပိုင် မြန်မာ့ ရှေ့ဆောင် ဘဏ်၏ ရန်ကုန် ရုံးခွဲကို လာမည့် စက်တင် ဘာ ဒုတိယပတ် အတွင်း ဖွင့်လှစ်မည် ဖြစ်ပြီး ရန်ကုန်၌ ဘဏ်ခွဲ နှစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်း ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။ စက်တင်ဘာ ပထမပတ် ဒါမှ မဟုတ် ဒုတိယ ပတ် အတွင်းမှာ ဘဏ်လုပ်ငန်း စတင် လည်ပတ်ပြီး ဖွင့်လှစ်ဖို့ စီစဉ်နေ ပါတယ်။ လက်ရှိ ဖွင့်မယ့် ဘဏ်ခွဲ တစ်ခု ကိုတော့ အဆောက်အဦနဲ့ မြေနေရာ တို့ကို ရွှေတောင် ကုမ္ပဏီ ထံမှ ဝယ်ယူ လိုက်တာ ဖြစ်တယ်ဟု ဩဂုတ် ၂၇ ရက် နေ့တွင် ယင်း ဘဏ်၏ အထွေထွေ ဘဏ် သင်တန်း ဆင်းပွဲသို့ တက်ရောက် လာစဉ် ၄င်းက ပြောဆိုခြင်း ဖြစ်သည်။သို့သော် ရွှေတောင် ကုမ္ပဏီ ထံမှ ငွေပမာဏ မည်ရွှေ့ မည်မျှ ဖြင့် ဝယ်ယူ ခဲ့ကြောင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ ယင်း ဘဏ်ခွဲ၏ လုပ် ငန်း လည်ပတ်မှုကို ဝန်ထမ်း အင်အား (၇၀) ခန့်ဖြင့် ဆောင်ရွက် သွားမည်ဟုဆိုသည်။ အဆိုပါ ဘဏ်ခွဲ၏ တည်နေရာမှာ သိမ်ဖြူလမ်း ၀န်ကြီးများ ရုံးရှေ့ရှိ ခုနှစ်ထပ် အဆောက် အဦး ဖြစ်သည်။ နောက်ထပ် ဘဏ်ခွဲ တစ်ခုမှာ ရွှေတိဂုံ ဘုရား လမ်းနှင့် ကမ်းနားလမ်း ထောင့်တွင် ရှိသော တရုတ် ကုန်သည်များ အသင်း အဆောက်အဦး၏ နှစ်လွှာကို ငါးနှစ် အငှား စာချုပ် ဖြင့် အကြမ်းဖျဉ်း တစ်လလျှင် သိန်း (၅၀) ဖြင့် ငှားရမ်းရန် စီစဉ် နေကြောင်း ဦးချစ်ခိုင်က ပြောသည်။
အဆိုပါ ဘဏ်၏ ရုံးချုပ်ကို ဩဂုတ် ၁၇ ရက် နေ့တွင် နေပြည်တော်တွင် ဖွင့်လှစ် ထားသည်။ လက်ရှိ ပုဂ္ဂလိက ဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိ သူများ ဖြစ်သည့် ထူး ထရေဒင်း ဥက္ကဋ္ဌ ဦးတေဇပိုင် Asia Green Development ဘဏ်၊ အိုင်ဂျီအီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးနေအောင်၏ ယူနိုက်တတ် အမရာဘဏ်နှင့် မက်စ် မြန်မာ ဦးဇော်ဇော်၏ ဧရာဝတီဘဏ် ရုံးချုပ် အသီးသီးကို နေပြည်တော်၌ ဩဂုတ် လဆန်း ပိုင်းတွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။
၅ . ၉ . ၂၀၁၀
|

0 comments:
Post a Comment