Navigation - link to other main sections from here


ပြည်သူ့လွှတ်တော်


ပြည်သူ့ လွှတ်တော်ဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မဲဆန္ဒ နယ်ပေါင်း ၃၃၀ ကနေ မဲဆန္ဒနယ် တစ်ခုကို တစ်ဦး နှုန်းနဲ့ ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ်ပေါင်း ၃၃၀ ရယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်သွင်းတဲ့ တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၁၁၀ ရယ် ပါဝင် ဖွဲ့စည်းမယ့် လွှတ်တော် ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် တို့ကို ပေါင်းစည်းပြီး ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ တစ်ကြိမ်ကို သက်တမ်း ငါးနှစ် ရှိတဲ့ ပြည်သူ့ လွှတ်တော်ရဲ့ ပထမ အကြိမ် အစည်း အဝေးကို ရွေးကောက်ပွဲ ကျင်းပတဲ့ရက် ကနေ ရက်ပေါင်း ၉၀ အတွင်းမှာ ကျင်းပရမှာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အာဏာ တည်ပြီးတဲ့နောက် ပထမဆုံး လွှတ်တော် ပုံမှန် အစည်း အဝေးကို နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူ ကျင်းပရမှာ ဖြစ်ပြီး နောက် သက်တမ်း တွေမှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူ ကျင်းပရမှာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့ အတွက် ပြည်သူ့ လွှတ်တော်ရဲ့ ပထမဆုံး အကြိမ် အစည်း အဝေးကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံး ထားပြီး ကျင်းပရမှာ ဖြစ်ပါတယ်။ အဲဒီ အစည်း အဝေးမှာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော် တက်ရောက်တယ် ဆိုရင် အဲဒီ အစည်းအဝေး အထမြောက် ပါတယ်။

ပြည်သူ့ လွှတ်တော်ရဲ့ ပုံမှန် အစည်း အဝေးကို တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ကျင်းပရမှာ ဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြားမှာ ၁၂ လ ထက် မပိုစေရလို့ သတ်မှတ်ထား ပါတယ်။




၅ . ၉ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats