Navigation - link to other main sections from here


ဆင်ဖြူတော် နေပြည်တော် သို့ ရောက်ရှိခြင်း (ရုပ်သံ)


သစ်တော ဦးစီး ဌာနမှ နှင့် ဒေသခံ ရွာသားများ အကူ အညီဖြင့် မောင်းတော မြို့နယ် အနောက် မြောက်ပိုင်း ဖက်ဝပ်ချောင်း ကျေရွာ အနီး တောနက် ထဲတွင် ဖမ်းဆီး ရမိခဲ့သော ဆင်ဖြူတော် သည် အဖော် ဆင်များ ခြံရံလျက် မော်တော် ယာဉ်ဖြင့် ယနေ့ မွန်းလွဲ နာရီ ၄၄ မိနစ်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်သို့ ရောက်ရှိ လာပါသည်။ ဆင်ဖြူတော် ရတနာ သည် ဥပ္ပါတသန္တိ စေတီတော် အရှေ့ဘက် အရပ်ရှိ ဆင်ဖြူတော် ရတနာ ဆောင်သို့ အဖော် ဆင်များနှင့် အတူ ရောက်ရှိရာ တာဝန်ရှိ သူများက အနန္တရာယ်က မင်္ဂလာ (အန္တရာယ်ကင်း မင်္ဂလာ) ၊ ဂေဟပဝေသန မင်္ဂလာ (အိမ်တက် မင်္ဂလာ)၊ ဘတ္တဘုဉ္ဇန မင်္ဂလာ(အစာခွံ့ မင်္ဂလာ)၊ ရဝိန္ဒုဒဿန မင်္ဂလာ (နေလပြ မင်္ဂလာ) နှင့် နာမကရဏ မင်္ဂလာ အမည်မှည့် မင်္ဂလာ) တို့ကို ထုံးတမ်း စဉ်လာနှင့် အညီ ဆောင်ရွက် ကြကြောင်း သတင်းရရှိသည်။

ထို ဆင်ဖြူတော် ကို ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်းမှ ဇွန် ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ် တွင် ရရှိ ခဲ့ပြီး ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။ ဆင်ဖြူတော် ရတနာ ၏ အသက်မှာ (၃၈) နှစ်ခန့် ရှိပြီး အရပ် ၇ ပေ ၄ လက်မ နှင့် လုံးပတ် ၁ဝ ပေ ၁၁ လက်မ ရှိသည်။

၁၁ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats