ရန်ကုန် မြို့တွင်း၌ စက်သုံးဆီ တစ်ပိုင် တစ်နိုင် ရောင်းချသူ တစ်ဦး ကလည်း ယခု အချိန်တွင် ၄င်းတို့ အနေဖြင့် ရောင်းအား သိသိ သာသာ ကျဆင်း လာကြောင်း ပြင်ပ ဆီဆိုင်များ၌ စက်သုံးဆီ ဈေးနှုန်းများ ယခင်က ထက် ကျဆင်း လာသော်လည်း အရောင်း အဝယ် အေးစက် နေကြောင်း ရန်ကုန် မြို့တွင်း၌ ရောင်းချ သူများ၏ ရောင်းအားမှာ လျှပ်စစ်မီး ရရှိမှု ပေါ်တွင် မူတည်ပြီး ယခု နောက်ပိုင်း၌ လျှပ်စစ်မီး ရရှိချိန် ပိုမို များလာ၍ ရောင်းအား ကျဆင်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ယခု အချိန်တွင် ပြင်ပ ဆီဆိုင် များ၏ လောင်စာဆီ ဈေးနှုန်းမှာ ဓာတ်ဆီ တစ်ဂါလန်လျှင် နှစ်ထောင့် ခြောက်ရာ ဝန်းကျင် နှင့် ဒီဇယ် တစ်ဂါလန်လျှင် နှစ်ထောင့် ရှစ်ရာ ဝန်းကျင် ဈေးနှုန်း ရှိပြီး ဂါလန် ငါးဆယ်ပါ ဒီဇယ် တစ်ပီပါလျှင် (၁၃၆၀ဝ၀) ကျပ် ဈေး ရှိသည်။ ပုဂ္ဂလိက ဆီပန့် ဆိုင်များတွင်မူ ဓာတ်ဆီ တစ်ဂါလန်လျှင် နှစ်ထောင့် ငါးရာကျပ် နှင့် ဒီဇယ် တစ်ဂါလန်လျှင် နှစ်ထောင့် ကိုးရာကျပ်မှ သုံးထောင်ကျပ် အထိ ဈေးနှုန်း ရှိသည်။

၁၁ . ၈ . ၂၀၁၀
|

0 comments:
Post a Comment