Navigation - link to other main sections from here


သီတဂူ ဆရာတော်ကြီး၏ မတည် မှုဖြင့် ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် မျက်စိ ကုသဆောင် ဖွင့်လှစ်မည်


သီတဂူ ဆရာတော်ကြီး ၏ မတည်မှုဖြင့် ရန်ကင်း မြို့နယ်ရှိ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်း တွင် မျက်စိ ကုသ ဆောင်ကို ယခုနှစ် အမျိုးသားနေ့ တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရွှေပြည်ဟိန်း ဆရာ တော်ကြီး၏ မယ်တော် ဒေါ်အမာက ပြောဆိုသည်။ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်းတွင် အထွေ ထွေ ရောဂါ များနှင့် မျက်စိ ဝေဒနာ များကို အခမဲ့ ကုသ ပေးလျက် ရှိရာ မျက်စိ ကုသ လိုသူ လူနာ များပြားလာ သော ကြောင့် ယခုကဲ့သို့ မျက်စိ ကုသဆောင် တိုးချဲ့ ဖွှင့်လှစ် ရခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ဒီဆေးခန်း အတွက် သီတဂူ ဆရာ တော်ကြီး က အားလုံး စီစဉ်ပြီး ဆောက်လုပ် တာပါ။ ဆေးခန်း ဖွင့်ပွဲနေ့ ကျရင် ပြည်တွင်းက မျက်စိ ကုသတဲ့ ဆရာဝန်ကြီး တွေအပြင် မလေးရှားက ဆရာဝန်ကြီး တွေလည်း လာရောက် ကုသပေးဖို့ ရှိပါတယ်ဟု မယ်တော်ကြီး ဒေါ်အမာ က ပြောသည်။ တိုးချဲ့ ဖွင့်လှစ်မည့် ရွှေပြည်ဟိန်း မျက်စိ ကုသဆောင်ကို အဆိုပါ ဆေးခန်းရှိ ဒုတိယ ထပ်တွင် ဖွင့်လှစ် ထားရှိပြီး ယခု လက်ရှိတွင် ဆေးခန်း ပြင်ဆင်ခြင်း များနှင့် မျက်စိ ကုသ ရာတွင် အသုံးပြုရန် စက်ပစ္စည်းများ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ မျက်စိ ကုသဆောင် ဖွင့်လှစ်ပြီး သွားပါက ပြည် တွင်းမှ မျက်စိ အထူးကု ဆရာဝန်ကြီးများက ကုသမှု ပေးသွားမည် ဖြစ်ပြီး မလေးရှား နိုင်ငံမှ မျက်စိ ဆရာဝန်ကြီး များလည်း လာရောက် ကုသမှုပေး သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်းတွင် ယခင်က မျက်စိ ကုသ ပေးခြင်းကို မွန်းလွဲ ၂ နာရီ အချိန် မှစ၍ ၃ နာရီခွဲ အထိ ကုသ ပေးလျက် ရှိပြီး မျက်စိ ဝေဒနာရှင် တစ်နေ့လျှင် ၅ ဦး ခန့် ကုသမှု ပေးလျက် ရှိကြောင်း၊ မျက်စိ ကုသဆောင် အသစ် တိုးချဲ့ ပြီးစီး သွားပါက ယခု ထက်ပို၍ မျက်စိ ဝေဒနာရှင် များကို ဆေးကုသမှုနှင့် လိုအပ်သည့် ဆေးဝါးများ လူနာ များသို့ ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်ဟု မယ်တော်ကြီး ဒေါ်အမာက True News Journal သို့ ပြောပါသည်။

ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀ဝ၄ ခုနှစ် တွင် စတင် ဖွင့် လှစ်ပြီး တိုးချဲ့ ဖွင့်လှစ်သော မျက်စိ ကုသဆောင်တွင် ပါဝင် လှူဒါန်း လိုပါက ကွန်ကရစ် ကြမ်းခင်း (၁) ပေ ပတ်လည် ၃၀ဝ၀ ကျပ်၊ ဘိလပ်မြေ ၁ အိတ် ၆၀ဝ၀ ကျပ်၊ သဲကား တစ်စီး ၁၅၉၀ဝ ကျပ်၊ လှေကား တက်လမ်း အလှူ ၁၅ ဝ၀ဝ၀ဝ ကျပ် ကျသင့်မည် ဖြစ်ကြောင်း၊ အလှူရှင်များ လာရောက် လှူဒါန်း လိုပါက ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်း ပြည်သာယာ၊ ဘောက်ထော် ရန်ကင်း မြို့ နယ် ဖုန်းနံပါတ် ၅၄၁၄၉၃၊ ဝ၉၅၁ဝ၂၁၉၇ သို့ ဆက်သွယ် လှူဒါန်း နိုင်သည်။



၂၁ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats