လူဦးရေ သန်း ၃၀၀ ကျော် နေထိုင်ကြသော မဲခေါင် မြစ်ဝှမ်း ဒေသတွင် ရထားလမ်း ဆက်သွယ် ဖေါက်လုပ်ရေး အတွက် ရဲဝံ့သော ခြေလှမ်း တစ်ရပ်ကို သောကြာနေ့က သဘောတူ ချမှတ် နိုင်ခဲ့ကြပြီဟု သိရသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် နိုင်ငံတို့မှ ၀န်ကြီးများ သည် သူတို့ အဆို စုပေါင်း လုပ်ဆောင် ကြမည့် ရထားလမ်း စနစ် တစ်ခု ပေါ်ပေါက် ရေး အတွက် အရေးပါသော ပထမ ခြေလှမ်းကို လှမ်းနိုင်ခဲ့ ကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ယင်းရထား လမ်းသည် တရုတ် နှင့် ဗီယက်နမ်ကို ဆက်သွယ် ထားသော ရထား လမ်းပိုင်း မှ တပါး ရထားလမ်း ဆက်သွယ်မှု မရှိ သေးသည့် အပြင် လာအို နိုင်ငံ ဆိုလျှင် ရထားလမ်း လုံးဝ မရှိဟု ဆိုသည်။ စီမံကိန်း အရ ရထားလမ်း ဆက်သွယ်ရေး အတွက် ဖြစ်နိုင်သော လမ်းကြောင်း လမ်းခုကို တင်ပြ ထားသော်လည်း အဖြစ် နိုင်ဆုံး လမ်းမှာ ဘန်ကောက်မှ ဖနွမ်းပင်၊ ယင်း မှ ဟိုချီမင်း နှင့် ဟနွိုင်း၊ ယင်းမှ တဆင့် နန်နိုင်း နှင့် ကူမင်းမြို့ များသို့ ဆက်သွယ်မည် ဖြစ်ရာ လက်ရှိ ရှိပြီးသား လမ်းများ သို့မဟုတ် ဆောက်လုပ်ဆဲ လမ်းများကို ထည့်သွင်း ဖေါက်လုပ် သွားမည် ဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် လမ်းများ ထဲမှ တစ်ခုကို အပြီး ဖေါက်လုပ် နိုင်မည်ဟု ယူဆကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ ဒုဥက္ကဋ္ဌ လော့ရင့်ဂရင်းဝုဒ်က ဆိုပါသည်။ ယင်းလမ်း အတွက် လွတ်နေသော လမ်းပိုင်းမှာ ဟိုချီမင်း မှ ဖနွမ်းပင် အထိ ဖြစ်ပြီး စာမျက်နှာ ၂၅ မျက်နှာ ရှိသော စီမံကိန်း ၏ အဆို အရ ဒေါ်လာ ၁.၀၉ ဘီလီယံ ကုန်ကျ မည်ဟု ဆိုသည်။ ယင်း အထဲတွင် လက်ရှိ လမ်းများကို အဆင့်မြှင့် ရမည့် စရိတ် ဒေါ်လာ ၇ ဘီလီယံ မပါသေးဟု ဆိုသည်။ ၂၀၂၅ ခုနှစ်တွင် ခရီးသည် ၃.၂ သန်းနှင့် ကုန်တန်ချိန် ၂၃ သန်းကို သယ်ဆောင် နိုင်မည့် ရထားလမ်းများ ပေါ်ပေါက် လာမည်ဟု သိရသည်။
၂၃ . ၈ . ၂၀၁၀
|

0 comments:
Post a Comment