Navigation - link to other main sections from here


မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာ မလွတ်သည့် ကျေးရွာများ စံပြ ကျေးရွာများသို့ ပြောင်းရွှေ့


မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာ မလွတ် ၍ ပြောင်းရွှေ့ ခံရသော ကျေးရွာများ အတွက် မြစ်ကြီးနား မြို့မှ ၁၇ မိုင် အကွာတွင် စံပြ ကျေးရွာ ထူထောင် ပေးကာ အိမ် ထောင်စု တစ်စုလျှင် ကျပ် သိန်းရာချီ တန်ဖိုးရှိ လုံးချင်းအိမ် များကို အခမဲ့ ပေး၍ ပြောင်းရွှေ့ ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။မြစ်ဆုံ ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်း တမံ ဧရိယာ အတွင်း ကျရောက်သည့် မြို့နယ် သုံးမြို့နယ် ဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော်၊ အင်ဂျန်းယန် မြို့နယ်ရှိ တန်ဖဲ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ အောင်ဂျာယန်၊ ခပ္မါး စသည့် ကျေးရွာ ခြောက်ရွာရှိ အိမ်ခြေပေါင်း ၄၁၀ လုံး အိမ်ထောင်စု ၄၀၂ စု လူဦးပေါင်း၂၁၄၆ ဦး အတွက် ကျပ်သိန်း ၁၀၀ တန် ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုး နှစ်ထပ် အိမ် အလုံး ပေါင်း ၃၉၉ လုံး နှင့် သိန်း ၁၀၀ေ ကျာ် တန် အုတ်ပတ် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ် မိုး နှစ်ထပ် အဆောက် အအုံ ၂၁ လုံး၊ စုစုပေါင်း အိမ်လုံး အရေ အတွက် ၄၁၀ ကို အိမ်ထောင်စု တစ်စုချင်းစီ အတွက် အခမဲ့ ပေး၍ ပြောင်းရွှေ့ ပေးလိုက်ပြီ ဖြစ်ကြောင်း ပြည်တွင်းထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် တွင်လည်း ဖော်ပြထားသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည် နေရာ ချထားရေး ဇုန်(၁)၊ မြစ်ကြီးနား မြို့နယ်၊ လုံဂါဇွပ်" တွင် "အောင်မြေသာ" စံပြ ကျေးရွာ အမည်ဖြင့် အဆောက် အအုံ အိမ်အလုံးပေါင်း ၃၂၅ လုံးကို လည်းကောင်း၊ "ပြန်လည် နေရာ ချထားရေး ဇုန်(၂)"၊ "၀ိုင်းမော်မြို့နယ်၊ မလိယန်" တွင် အဆောက် အအုံ အိမ်အလုံးပေါင်း ၈၅ လုံး၊ စုစုပေါင်း အိမ်အလုံးပေါင်း ၄၁၀ လုံး နေရာချမှတ် အကောင် အထည် ဖော်ဆောင်ရွက် ပြန်လည် ဆောက်လုပ် ပေးပြီး အိမ်ခြံမြေကွက် တစ်ကွက်လျှင် အကျယ် အ၀န်း(၆၀ ပေ x ၄၀ ပေ)၊ (၁၀၀ ပေ x ၁၀၀ ပေ)၊ (၁၀၀ ပေ) အထက် စသဖြင့် ရှိကြောင်း သိရသည်။


၁၂ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats