Navigation - link to other main sections from here


လိုင်စင်မဲ့ကား အမြင့်ဆုံး တန်ဖိုး သိန်း ၁၆၀ဝ သတ်မှတ် ရာဖြတ်


ယခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှ စတင်ကာ တရားမဝင် တင်သွင်း လာသော လိုင်စင်မဲ့ ယာဉ်များအား ကာလ တန်ဖိုး သတ် မှတ် ရာဖြတ်ပြီး ရာဖြတ် တန်ဖိုး၏ ၈၅ ရာခိုင် နှုန်းကို အခွန် ပေးဆောင် စေကာ တရားဝင် လိုင်စင်များ ထုတ်ပေးလျက် ရှိသည်။ ယင်း ကဲ့သို့ လိုင်စင်များ ထုတ်ပေး လျက်ရှိရာ ဇူလိုင် လကုန် အထိ လိုင်စင်မဲ့ ယာဉ် အစီးရေ ၃၀ ကျော် အား ကာလ တန်ဖိုး ရာဖြတ် ပြီးစီးကြောင်း နှင့် အမြင့်ဆုံး ယာဉ် တန်ဖိုးအား သိန်း ၁၆၀ဝ ဖြင့် သတ်မှတ် ရာဖြတ် ထားကြောင်း တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အခု လိုင်စင်ဝင်ဖို့ ရောက်လာတဲ့ ယာဉ်တွေကို ကာလ တန်ဖိုး ဖြတ်ထားတာ အစီး ရေ ၃၀ ကျော် သွားပြီ။ အများဆုံး လိုင်စင်လာ ဝင်ကြတဲ့ ကားအမျိုးအစား တွေကတော့ တိုရိုတာ ဆလွန်းနဲ့ ဗင်ကား အမျိုး အစား တွေ ဖြစ်ပြီး ယာဉ်တွေကို ကာလ တန်ဖိုး ဖြတ်ထားတယ်။ လက်ရှိမှာ အမြင့်ဆုံး သိန်း ၁၆၀ဝ နဲ့ အနိမ့်ဆုံး သိန်း တစ်ရာ အထက် ဖြစ်တယ်ဟု ၄င်းက ရှင်းလင်း ပြောပြသည်။ အမြင့်ဆုံး ကာလ တန်ဖိုး ဈေးဖြတ် ပေးသည့် ယာဉ် အမျိုး အစားမှာံHilux Surf ဖြစ်ပြီး အနိမ့်ဆုံး ကာလ တန်ဖိုး ဈေးဖြတ် ထားသည့် ယာဉ် အမျိုးအစားမှာ Jeep ဖြစ်သည်။ ကာလ တန်ဖိုး ဈေးဖြတ်ပြီးစီး ယာဉ်အစီးရေ ၃၀ ကျော်ထဲမှ အခွန် ၈၅ ရာခိုင်နှုန်း ပေးဆောင် ပြီးသည့် ယာဉ် အစီးရေမှာ ၁၀ စီး ကျော် ရှိပြီ ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

လိုင်စင်မဲ့ ယာဉ်များအား ကာလ တန်ဖိုး ဖြတ်ခြင်းကို မြို့နယ် အခွန် ဦးစီး ဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အကောက်ခွန် ဌာန တို့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သည့် ရာဖြတ် အဖွဲ့ များနှင့် ဆောင်ရွက်လျက် ရှိသည်။ လိုင်စင်မဲ့ ယာဉ်၏ ဈေးကွက် ပေါက်ဈေး၊ မော်ဒယ် နံပါတ်များ အပေါ် မူတည်၍ ကား၏ တန်ဖိုးကို ရာဖြတ် အဖွဲ့မှ သတ်မှတ်ခြင်း ဖြစ်သည်။ လိုင်စင်မဲ့ ယာဉ်များ ကာလ တန်ဖိုး ရာဖြတ် သတ်မှတ်ပြီး ကာလ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို အခွန် ပေးဆောင် စေကာ လိုင်စင် ထုတ်ပေးခြင်းကို ရက် အကန့် အသတ် မရှိ ပြုလုပ် ဆောင် ရွက် ပေး လျက် ရှိသည်။
ကာလ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန် ပေးဆောင်ရခြင်းမှ ၅၀ ရာခိုင်နှုန်း အထိ လျော့ကျ လာမည် ဟူသော သတင်း များလည်း ထွက်ပေါ်လျက် ရှိသည်။ အဆိုပါ သတင်း နှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးမှ အခု ထက်ထိ ဘာညွှန်ကြား ချက်မှ မရသေးပါဘူး။

လောလောဆယ် မှာတော့ အခွန် ၅၀ ရာခိုင်နှုန်း လျှော့ကျမယ် ဆိုတာ မဟုတ်ပါဘူးဟု ရှင်းလင်း ပြောကြားသည်။ ယခင်က လိုင်စင် ရယူလိုသော လိုင်စင်မဲ့ ယာဉ်ပိုင်ရှင် များမှ သတ်မှတ် တန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန် ပေးဆောင်ရခြင်း အပြင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ယာဉ်စစ်ဆေးမှု ဆိုင်ရာ ကုန်ကျ စရိတ်နှင့် လိုင်စင် နံပါတ်ပြား အတွက် ပေးဆောင် ရသော တစ်ဆယ့် ငါးသိန်း တစ်သောင်း ငါးထောင်ကျပ်ကို လဆန်း ပိုင်းမှ စတင်၍ ပေးဆောင်ရန် မလိုအပ် တော့ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
လိုင်စင် ရယူလိုသော လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်များ အနေဖြင့် သင်္ဃန်းကျွန်း မြို့နယ် ပြည်တွင်း အခွန် များ ဦးစီး ဌာန သို့ သွားရောက် ဆောင်ရွက် နိုင်သည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် ပြင်ပမှ ယာဉ်ပိုင်ရှင်များ အတွက် ကိုမူ သန်လျင်မြို့နယ်၊ ပြည်တွင်း အခွန်များ ဦးစီး ဌာန တို့တွင် ဆောင်ရွက် ပေးလျှက် ရှိသည်။


၁၂ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats