Navigation - link to other main sections from here


ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင်


ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် သည် လက်ပံတန်း၊ သာယာဝတီ၊ မင်းလှ၊ ဇလွန် နှင့် ဟင်္သာတမြို့နယ်များ အတွင်း ဖြတ်သန်း ဝင်ရောက်ခဲ့ လူများကို အန္တရာယ်ပြုခြင်း၊ စိုက်ခင်း များကို ဖျက်ဆီးခြင်း မပြုဘဲ အေးချမ်းစွာ ပြန်လည် ထွက်ခွာသွား ခဲ့သည်။ ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် ပါအုပ်စုသည် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြစ် အနောက်ဘက်ကမ်း ဇလွန်မြို့ နှင့် ဟင်္သာတမြို့ မြို့သူကြီးဘုရား အနီးသို့ ထူးထူး ခြားခြား ဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။ ပဲခူးရိုးမ အတွင်းမှ အမြင့် ၁၁ ပေရှိ ဆင်မကြီ တစ်ကောင်၊ အမြင့် ၉ ပေရှိ ဆင်ထီး တစ်ကောင်၊ ဆင်မ တစ်ကောင် နှင့် အမြင့် လေးပေရှိ သားပေါက် ဆင်မငယ် တစ်ကောင် စုစုပေါင်း ဆင်လေးကောင် အုပ်စုသည် ဇူလိုင်လ ၄ ရက်မှစ၍ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ် နှင့် မင်းလှမြို့နယ် များအတွင်း လှည့်လည် ဖြတ်သန်းကာ ဇူလိုင်လ ၉ ရက်ညတွင် ဧရာဝတီမြစ်ကို ဖြတ်ကူး ခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်နံနက် ၆ နာရီခန့်တွင် ဇလွန်မြို့မြစ်ကမ်းမှ မြို့ပေါ်ရှိ ဆင်တန်း ရပ်ကွက်သို့ ရောက်ရှိ ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီခန့်တွင် ဟင်္သာတမြို့ ဘက်သို့ ပြန်လည် ထွက်ခွာသွား ခဲ့ကြောင်း၊ ဇူလိုင် ၁၁ ရက် နံနက် ၄ နာရီခန့်တွင်လည်း ဟင်္သာတမြို့ မြို့သူကြီး ဘုရားအနီး သို့ ရောက်ရှိ ခဲ့ပြီး ဘုရား အနီး၌ တစ်နာရီခွဲခန့် ရှိနေခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲ ခန့်တွင် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ ပဲခူးတိုင်း သာရဝေါဘက်သို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း၊ ယင်းနောက် လက်ပံတန်းမြို့နယ် နှင့် မင်းလှမြို့နယ် များကို လှည့်လည် ဖြတ်သန်းပြီး ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက ပဲခူးရိုးမတောနက်ထဲသို့ ရှေးရှု ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆင်အုပ်စုသည် တောရိုင်းဆင် အုပ်စုပင် ဖြစ်သော်လည်း ထူးခြားစွာပင် ဇလွန်မြို့ ဆန်တန်း ရပ်ကွက်သို့ ရောက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် အပြင် လူအများ အကြား လှုပ်ရှား သွားလာ ခဲ့ကြောင်း၊ ပေ ၂၀ ခန့် အထိ လူများ အကပ်ခံပြီး တစ်စုံ တစ်ယောက် ကိုမျှ ရန်လို၊ ရန်ပြုခြင်း မရှိ ခဲ့ကြောင်း၊ ဟင်္သာတမြို့ မြို့သူကြီး ဘုရား အနီး၌လည်း တစ်နာရီခွဲခန့် ပူဇော်ခဲ့ကြောင်း၊ ထို့ပြင် လှည့်လည် သွားလာ ခဲ့ရာ လမ်းကြောင်း တစ်လျှောက် တွင်လည်း စိုက်ခင်း များကို ဖျက်ဆီးမှု မရှိခဲ့ကြောင်း၊ ထိုသို့ တောဆင်ရိုင်းများ ထူးထူး ခြားခြား ဝင်ရောက်လာပြီး မည်သူ တစ်ဦးတစ်ယောက် ကိုမျှ အန္တရာယ် မပြုဘဲ အေးချမ်းစွာ ပြန်လည် ထွက်ခွာ သွားခြင်းသည် လွန်စွာ ထူးခြားကြောင်း၊ ဒေသခံ ပြည်သူ များက အံ့သြ ဝမ်းသာ ပြောကြား လျက်ရှိကြောင်း သတင်း ရရှိသည်။


၂၇ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats