Navigation - link to other main sections from here


မန္တလေးမြို့ ၌ အယောင်ဆောင်သူ နှစ်ဦး တစ်ရက်တည်း ဖမ်းမိ


မန္တလေး မြို့တော်တွင် မေလ ၂၆ ရက်နေ့က တစ်ရက် တည်းတွင် ဗိုလ်မှူး အဆင့် တပ်မတော် အရာရှိ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် နယ်ထိန်း ခေါင်းဆောင် အယောင် ဆောင်သူ တို့ နှစ်ဦးကို ယင်း နေ့တွင်ပင် ဖမ်းဆီး မိကြောင်း မန္တလေး တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။ အဆိုပါရက် ည ၁ဝ နာရီ အချိန်၌ သီရိမန္တလာ ကားကြီးဝင်း တွင် သေနတ် အတု တစ်လက် ကိုင်ဆောင်ရ မ်းကား နေသည့် ဗိုလ်မှူး အယောင်ဆောင် အောင်ကျော်စိုး ဆိုသူအား ဗိုလ်မှူး အောင်ကျော်စိုး၊ စစ်ဦးစီး (ဒုတိယတန်း) ၊စာတမ်း များပါ လိပ်စာ ကတ်များနှင့် အတူ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၅) ရဲစခန်း ထံမှ သိရှိ ရသည်။

၎င်းသည် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ နေသူ ဖစ်ပြီး မန္တလေးမြို့ အမှတ် (၇) ရဲစခန်း (ပ) ၄၉၃/၂ဝဝ၇ ပြစ်မှု ပုဒ်မ ၄၂၁/၄၆၈ ဖြင့် အရေးယူ တရား စွဲဆိုခြင်း ခံခဲ့ရပြီး ထောင်ဒဏ် လေးနှစ်နှင့် သုံးလ ပြစ်ဒဏ် ကျခံ နေရကြောင်း၊ နောင်ချိုမြို့နယ် ကုံးစံ ရဲဘက်စခန်း သို့ ရောက်ရှိစဉ် ရဲဘက် စခန်းမှ မေလ ၁၃ ရက် နေ့တွင် ထွက်ပြေး လာသူ ဖြစ်ကြောင်း အထက်ပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဗိုလ်မှူး အယောင်ဆောင်သူ အောင်ကျော်စိုးအား အမှတ် (၅) ရဲစခန်း (ပ) ၂၅၁/၂ဝ၁ဝ ပြစ်မှု ဆိုင်ရာ ပုဒ်မ ၁၇ဝ အရ လည်းကောင်း၊ ၄င်းအား လက်ခံ တည်းခို နေစေ ခဲ့သူ မောင်ဦး(ဘ) ဦးဇော် အား အမှတ် (၅) ရဲစခန်း (ပ)၂၅၂/၂ဝ၁ဝ ပြစ်မှုပုဒ် မ ၂၁၆ အရ လည်းကောင်း အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

ထို့အတူ မေလ ၂၆ ရက်နေ့ ည ၁ဝ နာရီ ၃ဝ မိနစ်ခန့်က အောင်မြေသာ စံမြို့နယ် မင်းတဲအီကင်း ရပ်ကွက်တွင် နယ်ထိန်း ခေါင်းဆောင် တပ်ဖွဲ့ဝင် အယောင် ဆောင်ကာ ငွေများ လိုက်လံ တောင်းသူ အောင်မျိုးလွင် (ဘ) ဦးခင်မောင်ရွှေ အား သက်သေခံငွေ ၆ဝ,ဝဝဝ ကျပ် နှင့် အတူ ဖမ်းဆီး ရမိသဖြင့် အမှတ်(၅) ရဲစခန်းတွင် (ပ) ၂၅ဝ/၂ဝ၁ဝ ပြစ်မှု ပုဒ်မ ၁၇ဝ အရ အရေးယူ ဆောင်ရွက် ထားကြောင်းလည်း သိရှိ ရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။


၁၂ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats