Navigation - link to other main sections from here


ပြည်ထောင်စု ဒီမိုကရေစီ ပါတီရက် ၁ဝဝ စီမံချက်ဖြင့် စည်းရုံးရေး ဆင်း


ရန်ကုန် မြို့တော်တွင် ရုံးချုပ် အခြေစိုက် ဖွင့်လှစ် ထားသည့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီသည် ပါတီ စည်းရုံးရေး လုပ်ငန်း များကို ဇွန်လ ၁ ရက် နေ့မှ စသည့် ရက်ပေါင်း ၁ဝဝ စီမံချက်ဖြင့် လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ယင်း ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း က ပြောကြားသည်။ ပါတီ စည်းရုံးရေး လုပ်ငန်း များကို ရက်ပေါင်း ၁ဝဝ အတွင်း ပထမ ရက် ၃ဝ၊ ဒုတိယရက် ၆ဝ နှင့် တတိယ ၁ဝ ရက် ခွဲ၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ထို ပါတီသည် စည်းရုံးရေး လုပ်ငန်း များကို ရန်ကုန်မြို့ အပြင် မန္တလေးမြို့ နှင့် တောင်ကြီးမြို့ တို့တွင် ရုံးခွဲများ အခြေစိုက်၍ ပြုလုပ်မည် ဖြစ်ကြောင်း၊ ယခု လောလော ဆယ်တွင် ရန်ကုန်မြို့၌ ရုံးချုပ်သာ ဖွင့်လှစ်ခြင်း ဖြစ်ပြီး မန္တလေးမြို့ နှင့် တောင်ကြီးမြို့ တို့တွင် ရုံးခွဲများ မဖွင့်လှစ် ရသေးကြောင်း ၄င်းထံမှ သိရသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီသည် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်ကိုဇွန်လ ၅ ရက်နေ့က တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမ၊ အမှတ် ၂၃၄(ပထမထပ်/ယာ)တွင် ဖွင့်လှစ်၍ ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။ယင်းပါတီသည် ပါတီဝင်များကို ပါတီရုံးချုပ်စတင် ဖွင့်လှစ်သည့်ရက်မှ စ၍ လက်ခံမည်ဖြစ်ကြောင်း၊ ပါတီဝင်ကြေးကိုတစ်ဦးလျှင် ကျပ် ၂ဝဝ သတ်မှတ်ထားကြောင်း ယင်းပါတီဥက္ကဋ္ဌထံမှသိရသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီသည် ပြည်ထောင်စု ဝါဒ နှင့် လစ်ဘရယ် ဒီမိုကရေစီ တို့ကို အခြေခံ နိုင်ငံရေး အယူ အဆဖြင့် ကိုင်စွဲ၍ နိုင်ငံ တစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ဖြစ်ကြောင်း ထို ပါတီထံမှသိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။


၁၂ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats