Navigation - link to other main sections from here


ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် တစညပါတီတို့ကို အဓိက ပြိုင်ရဖွယ်ရှိဟု ပါတီ အချို့ကဆို


ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် တစည ပါတီ တို့ကို ကျန် ပါတီများက အဓိက ပြိုင်ရဖွယ် ရှိနေကြောင်း ပါတီ အချို့က ဆိုကြသည်။ ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ဦးဖြိုးမင်းသိန်း က “အစိုးရ ဘက်က ပြောင်းလာတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ ကျွန်တော်တို့ အဓိက ပြိုင်ရမယ့် ပါတီဖြစ် ပါတယ်” ဟုဆိုသည်။ ကရင် အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစောမောင်ချော ကလည်း “ တစညနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဒီနှစ်ခုကို ကျွန်တော်တို့ အဓိက ပြိုင်ရဖို့ ရှိပါတယ်” ဟုဆိုသည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ လက်ကျန် ပါတီ တစ်ခု ဖြစ်ပြီး ဧပြီ ၂၉ ရက်က နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ခွင့် ရရှိခဲ့သော ပါတီ ဖြစ်သည်။ ယင်းပါတီ သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅၀ ကျော် ဝင်ပြိုင် ခဲ့ပြီး လွှတ်တော် နေရာ ၁၀ နေရာ ရခဲ့သော ပါတီ တစ်ခု ဖြစ်သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသည် လက်ရှိ နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်ဖွဲ့စည်းထားသော ပါတီ တစ်ခုဖြစ်သည်။ မေ ၈ ရက်ထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၃၁ ခုရှိပြီး ၂၇ ပါတီမှာ ပါတီတည်ထောင်ခွင့် ရရှိပြီး ဖြစ်သည်။ မှတ်ပုံ တင်ခွင့်ရပြီး ပါတီမှာ လေးပါတီ ရှိပြီး ယင်းတွင် တစည ပါတီလည်း ပါဝင်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

၁၂ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats