Navigation - link to other main sections from here


တစ်ခါသုံး ဖုန်းကတ်များ ဝယ်ယူ ရာတွင် နိုင်ငံသား ကတ်ပြား ပါရှိရမည့် အပြင် မိတ္တူ နှစ်စောင် ပေးအပ် ရမည်


GSM နှင့် CDMA 450 MHz (ကမ်းရိုးတန်း) တစ်ခါသုံး ဖုန်းကတ်များ ၀ယ်ယူ ရာတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား မူရင်း ပြသ ရမည့် အပြင် မိတ္တူ နှစ်စောင် ကိုပါ ၀ယ်ယူသည့် ဆိုင်တွင် ပေးအပ် ရမည်ဟု တစ်ခါသုံး ဖုန်းကတ် အရောင်းဆိုင် များနှင့် ၀ယ်ယူ သုံးစွဲခဲ့သူ များက ပြောကြားသည်။ တစ်ခါသုံး ဖုန်းကတ်များ ရောင်းချ ပေးရာ တွင် ဝယ်ယူ သုံးစွဲသူ များ၏ နိုင်ငံသားကတ် မူရင်းကို စစ်ဆေးရန် နှင့် မိတ္တူ နှစ်စောင် ကိုပါ တောင်းယူ ထားရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နှင့် ဒေသ အာဏာပိုင် အဖွဲ့အစည်း များက ညွှန်ကြား ထားကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ဖွင့်လှစ် ထားသော မိုဘိုင်းလ်ဖုန်း အရောင်း ဆိုင်များ ထံမှ စုံစမ်း သိရှိ ရသည်။

''Mobile King ဆိုင်မှာ FEC 50 တန် သွားဝယ်တာ နိုင်ငံသားကတ် မပါလို့ မဝယ်ခဲ့ ရဘူး။ ယာဉ်မောင်း လိုင်စင် ပြလို့လည်း မရ၊ ဝန်ထမ်းကတ် ပြလို့လည်း မရဆိုတော့ မဝယ်ခဲ့ ရဘူး''ဟု ပုံနှိပ မီဒီယာ တစ်ခုတွင် မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင် နေသူ တစ်ဦးက ဆိုသည် ။ FEC 50 တန် ဖုန်းကတ် တစ်ကတ်လျှင် ကျပ် ၅၅,ဝဝဝ ၊ FEC 20 တန် တစ်ကတ်လျှင် ၂၁,ဝဝဝ နှုန်းဖြင့် မေလ ၅ ရက် နေ့တွင် ရောင်းချ ပေးလျက် ရှိကြောင်း တစ်ခါသုံးကတ် ဝယ်ယူ ခဲ့သူများ ထံမှ သိရှိ ရကြောင်း The Voice ဂျာနယ်တွင် လည်း ဖော်ပြ ထားသည်။

၉ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats