Navigation - link to other main sections from here


အမေရိကန် SMITHS-ONIAN မဂ္ဂဇင်း ဓာတ်ပုံ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားမှ ပထမဆု ဆွတ်ခူး


SMITHSONIAN မဂ္ဂဇင်း U.S.A ၏ ၇ ကြိမ်မြောက် ပြုလုပ်သော ဓါတ်ပုံ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်း က ပထမဆုံး အကြမ် အဖြစ် Grand Prize ဆုကို US$ 2600 ဖြင့် ဆုရရှိ ခဲ့ကြောင်း သိရသည်။ ကျွန်တော်ဒီ စမစ်ဆိုနီယမ် မဂ္ဂဇင်းက လုပ်တဲ့ ဓာတ်ပုံ ပြိုင်ပွဲမှာ ပထမဆုံး ဝင်ပြိုင် တာပါ။ ပြိုင်ပွဲက လုပ်တာ ၇ ကြိမ် ရှိပါပြီ။ မြန်မာပြည်က ရတာ ဒါ ပထမဆုံးပဲ။ ဒီပြိုင်ပွဲကို ၂၀ဝ၃ လောက်ထဲက စလုပ် တာပါ။ နိုင်ငံတကာက ဓာတ်ပုံဆရာ တွေလည်း ဝင်ပြိုင်ကြတယ်။ ကျွန်တော်တို့ မြန်မာပြည်က ဓာတ်ပုံ ဆရာတွေက ဒီ ၇ ကြိမ်မြောက် မှ သိပြီး ဝင်ပြိုင် ကြတာပါ။ ဒီပြိုင်ပွဲမှာ ဓာတ်ပုံဆရာ တစ်ယောက်ကို ကိုယ့် စိတ်ကြိုက် ဓာတ်ပုံ ၇ ပုံနဲ့ ဝင်ပြိုင် နိုင်ပါတယ် ဟု ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်း က ပြောခဲ့သည်။ အဆိုပါ ဓာတ်ပုံ ၇ ပုံကို မြောက်ဦး၊ ပုဂံ၊ ရှမ်းပြည်နယ်၊ အင်းလေး၊ မန္တလေးတိုင်း တို့တွင် လှည့်လည်ပြီး ရိုက်ကူး ထားကြောင်း၊ ယခု ရရှိသည့် ပုံမှာ ပုဂံမြို့ ရွှေသာလျောင်းဘုရား ခြေရင်းတွင် ကိုရင်လေး နှစ်ပါး ဆီမီးပူဇော် နေပုံဖြင့် ဓာတ်ပုံ ဆင်ရိုက်ပြီး Grand Prize ဆုကို ရရှိခဲ့သည်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ချင်တယ် ဆိုရင် အင်တာနက်ကနေ ကိုယ့်ပုံတွေကို ပို့ပြီး ဝင်ပြိုင် ရတာပါ။ နိုင်ငံတကာ ဓါတ်ပုံပေါင်း ၆၀ဝ၀ဝ လောက်ထဲက Final ၂ ပုံကို ရွေးပြီး နောက်ဆုံး ကျွန်တော့်ပုံက ရသွားတာပါ။ Grand Prize ဆုအဖြစ် စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ၃ ညအိပ် ၄ ရက်ခရီး အမေရိကားရှိ Gramd Camgo ကို သွားရောက် လည်ပတ် ဆုယူနိုင်ပြီး မသွားချင်ရင်လည်း ခရီးစရိတ်နဲ့ ညီမျှတဲ့ ဒေါ်လာကို ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ပိုက်ဆံပဲ ယူဖြစ်မှာပါ ဟု ဓါတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ပြောသည်။ အဆိုပါ SMITHSONIAN (စမစ်ဆိုနီယမ်) မဂ္ဂဇင်း U.S.A ၏ ၈ ကြိမ်မြောက် ဓါတ်ပုံ ပြိုင်ပွဲကို ဇွန်လ လောက်တွင် ထပ်မံ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ပြီး သူများ၊ ဆုရရှိပြီး သူများလည်း ထပ်မံ ဝင်ရောက် ယှဉ်ပြိုင် နိုင်သည်။


၂၅ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats