Navigation - link to other main sections from here


၁၀ဝ၀၁ိ/- ကျပ် နှင့် အထက် ဝင်ငွေ ရရှိသူများ ဝင်ငွေ ကြေညာလွှာ တင်သွင်း ရမည်


အမြတ်ခွန် ဥပဒေအရ အခွန်စည်းကြပ် ခံရပြီးသည့် အခွန်ထမ်း အားလုံး( ၁.၄.၂၀ဝ၉)မှ (၃၁. ၃.၂၀၁၀) အထိ ဘဏ္ဍာရေးနှစ် အတွင်း ၁၀ဝ၀၁ိ/-ကျပ် နှင့် အထက်ဝင် ငွေရရှိသူများ ဝင်ငွေ ကြေညာလွှာကို ၂၀၁၀ဇွန် (၃၀) ရက်ထက် နောက် မကျစေဘဲ သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနရုံးသို့ တင်သွင်း ရမည် ဖြစ်ကြောင်း အခွန် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အမြတ်ခွန် ဥပဒေအရ ၂၀ဝ၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ၁၀ဝ၀၁ိ/-ကျပ် နှင့် အထက် ဝင်ငွေရ ရှိသူတွေ ဝင်ငွေ ကြေညာလွှာ တင်သွင်း ရပါမယ်။ ဝင်ငွေ ကြေညာလွှာ ပုံစံကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနမှူး ရုံးများမှာ အခမဲ့ ရယူပြီး လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှ ချောစာနဲ့ ပေးပို့နိုင် ပါတယ်ဟု ၄င်းက ပြောသည်။ အမြတ်ခွန် ဥပဒေ ပုဒ်မ-၂၂၊ပုဒ်မ ခွဲ (ခ) အရ လုံလောက်သော အကြောင် မရှိဘဲ သတ်မှတ် ထားသော အချိန် အတွင်း ဝင်ငွေ ကြေညာလွှာ ပေးပို့ရန် ပျက်ကွက်ပါက စည်းကြပ်မှု အရ ထပ်မံ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမြတ်ခွန် ဥပဒေကို ၁၉၇၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း အခွန် ဦးစီးဌာန မှ အမြတ်ခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ တံဆိပ် ခေါင်းခွန် နှင့် အောင်ဘာလေ သိန်းဆုခွန် တို့ကို ကောက်ခံလျက် ရှိသည်။


၂၆ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats