Navigation - link to other main sections from here


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေး ပါတီမဟုတ်တော့ဟု ရဲချုပ် ပြောကြား


ဆယ်စုနှစ် နှစ်စုတာ ကာလတိုင် နိုင်ငံရေး ပါတီ အဖြစ် တည်ရှိ ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၆ ရက်နေ့ နောက်ပိုင်းမှ စတင်၍ နိုင်ငံရေး ပါတီ တစ်ရပ် မဟုတ် တော့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြားသည်။ မေလ ၆ ရက်နေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အခြေ အနေ နှင့် ပတ်သက်၍ တက်ရောက် လာသူများက မေးမြန်းရာ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ဥပဒေ အရ အဲဒီနေ့ အဲဒီ အချိန် ကစပြီး ဒီပါတီက မရှိတော့ ပါဘူး။ ဥပဒေ အတိုင်း လိုက်နာမှု ရှိမရှိ သူတို့ နဲ့ပဲ ဆိုင်ပါတယ် ဟု ၄င်းက ထပ်လောင်း ပြောကြားကြောင်း သတင်း ရရှိပါသည်။


၁၅ . ၅ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats