
၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေ နှင့် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု တို့သည် မတ်လ ၁၂ ရက်နေ့က မန္တလေးမြို့ခံ မြို့မိ မြို့ဖ များနှင့် ပထမဆုံး အကြိမ် စတင် တွေ့ဆုံ ခဲ့သည်။ "ကျွန်မတို့ အခွင့် အရေး ရသလောက် ခရီး များများ သွားပြီး လူထု နဲ့ ထိတွေ့ ဆက်ဆံဖို့ ကြိုးပမ်း မှာပါ။ ဒါပေမယ့် အောက်ခြေ အထိ ရောက်အောင် ဆိုတာက တခြား ရှိပြီးသား အဖွဲ့အစည်း တွေရဲ့ လွှမ်းမိုးမှု ကလည်း ရှိနေတော့ အဲဒီကြားကပဲ တိုးပေါက်အောင် ဆောင်ရွက် ရမှာပါ"ဟု အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောသည်။ပါတီသည် မန္တလေးတိုင်း အတွင်း အဓိက မြို့နယ်ကြီး ခုနစ်ခုဖြစ်သည့် မန္တလေးမြို့ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ် တို့အပြင် ပုသိမ်ကြီး၊ မြင်းခြံ၊ နွားထိုးကြီး၊ ကူမဲနှင့် မိုးကုတ်မြို့နယ် များတွင် ကိုယ်စားလှယ်များ ထားရှိ၍ ယှဉ်ပြိုင်သွား မည်ဖြစ် ကြောင်း သိရသည်။
၂၀ . ၅ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment