
ထို့ကြောင့် ပြည်သူများ အနေဖြင့် ယစက နံပါတ်ပုံစံ မဟုတ်သည့် မည်သည့် ဆိုင်ကယ် အမျိုးအစား မဆို တိုင်ကြား နိုင်ကြောင်း သိရသည်။ ယခုနှစ် စပိုင်းတွင် သတိပေး ကြေညာချက် ဆိုင်းဘုတ် များကို နေရာ ၁၀ ခု တွင် စိုက်ထူထား သော်လည်း ဆိုင်ကယ် မစီးရ နယ်မြေ အတွင်း ၀င်ရောက်၍ စည်းကမ်း ချိုးဖောက် စီးနင်းခြင်း၊ ဆိုင်ကယ် ကယ်ရီ အဖြစ် အခကြေး ငွေယူ၍ ခရီးသည် တင်ဆောင် ပြေးဆွဲခြင်း များ ပြုလုပ်လျက် ရှိပြီး အထူးသဖြင့် မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့ နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြောက်ပိုင်း မြို့နယ်များ တွင် အများဆုံးဖြစ်သည်။
ထို့ကြောင့် ယခု မေလ အတွင်း ဆိုင်ကယ်မစီးရ အညွှန်း ဆိုင်းဘုတ် ၁၀၂ ခုအား ဆက်လက် စိုက်ထူ သွားမည် ဖြစ်သည်။ "အခု စီးနေတဲ့ ဆိုင်ကယ်တွေ ကတော့ လိုင်စင်မဲ့ တွေလည်း ပါတယ်။ တချို့ ဆိုင်ကယ် တွေက လိုင်စင် ထုတ်ပေးတဲ့ ဥပမာ - သန်လျင် တို့လို လိုင်စင်တွေနဲ့ ဆိုင်ကယ်တွေ ပါတယ်။ လိုင်စင်ရပြီး နယ်ကျော် စီးနင်းတော့ စည်းကမ်းဖောက် ဆိုင်ကယ်တွေ ဖြစ်သွားတယ်"ဟု ၎င်းက ဆိုသည်။ တားမြစ် ထားသည့် စည်ပင် နယ်နိမိတ် အတွင်း ဆိုင်ကယ် စီးနင်းခြင်း တွေ့ရှိ ပါက မထသ(ဗဟို) - ၀၉၈၅ ၀၀၀၅၄ နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ - ၀၁ ၂၉၁ ၂၈၅ သို့ ဆက်သွယ် နိုင်သည်။
၂၀ . ၅ . ၂၀၁၀
|

0 comments:
Post a Comment