Navigation - link to other main sections from here


ရွှေတိဂုံ ဘုရားမြောက်ဘက်မုခ် အနီး သွေး ဆေးကန် အတွင်း ငါးများ သေဆုံး


မေ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ ဗဟန်း မြို့နယ် ရေတာရှည် ရပ်ကွက်၊ အာဇာနည်လမ်း ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီး သွေး ဆေးကန် အတွင်း ငါးများ သေဆုံး ကြောင်း သတင်းရရှိ သဖြင့် အမှတ် (၃) စစ်ဒေ သမှူး ဗိုလ်မှူးကြီး တင့်ဆန်း နှင့် ခလရ (၁၆) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ရဲကျော်ကျော်၊ ဗဟန်းမြို့ နယ် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ နှင့် ဗဟန်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး၊ ဗဟန်းနှင့် ဒဂုံမြို့နယ် စည်ပင်အမှုဆောင် အရာရှိတို့က သွားရောက် စစ်ဆေးခဲ့ရာ ငါးကောင်ရေ ၂၀ဝ ကျော်ခန့် သေဆုံးခဲ့ပြီး ငါးအများစုမှာ ၃၀ ကျပ်သားခန့် နှင့် အထက်ရှိ ငါးခုံးမ ငါးများဖြစ်ကြောင်း တွေ့ရှိရ သည်။ ဓာတ်ခွဲ စစ်ငါးသေနမူနာများ နှင့် ရေနမူနာကို အမျိုးသား ဓာတ်ခွဲခန်း နှင့် ဗဟန်းမြို့နယ် ကန်တော် ကြီးရှိ ရေချိုငါး ဥယျာဉ် တို့သို့ ပို့ဆောင် စစ်ဆေးလျက် ရှိသည်။ အပူကြောင့် ရေချိုငါး ဥယျာဉ်ရှိ ငါးလုပ်ငန်း ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ဦး၏ ပြောကြားချက်အရ ငါးများမှာ ရောဂါကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အပူချိန်လွန်ကဲခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း၊ ကန်အတွင်း ရေဖြည့်တင်းခြင်း၊ ရေလဲ လှယ်ခြင်း များ ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။ ကန်တော်မင်္ဂလာသို့ သွေးဆေးကန်မှာ မြို့တော် စည်ပင် ပန်းဥယျာဉ်ဌာနမှ ထိန်းသိမ်းထားရှိသည့် ကန်ဖြစ်သည့်အတွက် ကန်အတွင်းရှိ ငါးများကိုမြို့တော် စည်ပင် အစီအစဉ်ဖြင့် ဒဂုံမြို့နယ် ကန်တော် မင်္ဂလာအတွင်းသို့ ခေတ္တပြောင်းရွှေ့ထားပြီး မိုးကျသည့် အခါ တွင် သွေးဆေးကန်မှ ရေများလဲလှယ်၍ ငါးများ ပြန်ထည့်သွားမည် ဖြစ်ကြောင်းသိရသည်။ ငါးတွေ က တော့ သေတာ အစုံပဲ။ ထိုင်ဝမ်ငါးတွေက အသက်နုတော့ အသေများတယ်။ အဲဒီငါးတွေက ရေထဲမှာ ထိတ်လန့် သံတစ်ခုခု ဖြစ်တာနဲ့ သေတာပဲ။ အခြားငါးတွေ ကတော့ အဲဒီလောက်ထိ သေနှုန်းမများဘူးလို့ ငါးစာရောင်း ချသူတစ်ဦးက မျက်မြင်များကို ပြောသည်။ ၁၄ ရက်နေ့နောက်ပိုင်း ၁၅၊ ၁၆ရက် များတွင်လည်း ငါးများဆက်လက် သေဆုံးနေပြီး ငါးအရေအတွက် အမြောက်အမြား သေဆုံးနေပြီဖြစ်ကြောင်းနှင့် သေဆုံးသော ငါးများတွင်ငါးကြင်း၊ ငါးခူ၊ ငါးဒန်နှင့် ထိုင်ဝန် ငါး အမျိုးအစားများ အသေများ ကြောင်း သိရသည်။

၂၆ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats