Navigation - link to other main sections from here


ရွေးကောက် ပွဲတွင် ပဲခူးတိုင်းမှ တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ ဝင်ပြိုင်ဖွယ်ရှိ


၂ဝ၁ဝ ရွေးကောက် ပွဲတွင် ပဲခူးတိုင်းမှ ဝင်ရောက် ယှဉ်ပြိုင် မည့်သူ အများ စုသည် နိုင်ငံရေး ပါတီများ ထူထောင် ကာ ဝင်ပြိုင်မည် မဟုတ်ဘဲ တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စား လှယ်များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ကြဖွယ် ရှိကြောင်း ပဲခူးမြို့ရှိ ဒေသခံ များထံမှ သိရသည်။''လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းက ဒီမှာ ပါတီ တွေ ရှိတယ်။ တစညတို့ ၊ NLD တို့လို ပါတီ တွေမှာ ပါတီဝင် အဖြစ် ဝင်ကြတယ်။ အခုတော့ တစ်ဦး ချင်းစီ ဝင်ပြိုင် ကြဖို့ ရှိကြ ပါတယ်'' ဟု ရုံးကြီး ရပ်ကွက်တွင် နေထိုင်သူ ယခင်က ပါတီ တစ်ခုမှ ပါတီဝင်ဟောင်း တစ်ဦးက ပြောကြားသည်။ ၁၉၉ဝ ရွေးကောက် ပွဲတွင် ပဲခူးတိုင်း၌ မဲဆန္ဒနယ် ၅၁ နယ် ရှိခဲ့ကြောင်း ၄င်းထံမှ သိရသည်။ ထိုအချိန်က တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြသော်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၁၂ ဦးထက် ပို၍ များ နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပဲခူးမြို့ခံ ဝါရင့် နိုင်ငံရေး သမားက သုံးသပ် ပြောဆိုသည်။

ပဲခူး တိုင်းတွင် မြို့နယ် ၂၈ မြို့နယ် ရှိပြီး ယင်းသည် မြန်မာ နိုင်ငံ၏ အဓိက စီးပွားရေး အချက် အချာကျသော ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်း နှစ်ခု အကြားတွင် တည်ရှိနေသော တိုင်း ဒေသကြီး တစ်ခု ဖြစ်ကြောင်း The Voice Weekly တွင် ဖော်ပြထား ပါသည်။

၂ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats