Navigation - link to other main sections from here


ရန်ကုန်မြို့ သင်္ကြန် အကြတ်နေ့ တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ခဲ့ရသူများတွင် လူလတ်ပိုင်း နှင့် အသက်ကြီးသူ အများဆုံး ပါဝင်


ရန်ကုန်မြို့ သင်္ကြန် အကြတ်နေ့ တွင် ဗုံးပေါက်ကွဲ မှုကြောင့် သေဆုံး ခဲ့ရသူများ တွင် လူလတ် ပိုင်းနှင့် အသက်ကြီးသူ အများဆုံး ပါဝင်ကြောင်း သတင်း ရရှိပါသည်။ သင်္ကြန် အကြတ် နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်း (ကန်ရိပ်သာလမ်း) ပေါ်ရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဖြစ်ပွား ခဲ့သော ဗုံးသုံးလုံး ပေါက်ကွဲ မှုကြောင့် လူ (၈)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၇၀) ဦး ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။ ဧပြီလ ၁၆ ရက်နေ့ အထိ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၆ ဦး ဒဏ်ရာမှ သက်သာ၍ ဆေးရုံမှ ဆင်းသွား ခဲ့ကြောင်း နှင့် လက်ရှိ အချိန်တွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၂၉ ဦး ရန်ကုန် ဆေးရုံကြီး၌ ဆက်လက် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိ ရပါသည်။

သေဆုံးသူ ရှစ်ဦးတွင် အသက် အကြီးဆုံးမှာ ၆၇ နှစ် ဖြစ်ပြီး အငယ်ဆုံးမှာ ၂၄ နှစ် ဖြစ်ကာ ကျန် သေဆုံးသူများမှာ အသက် ၃၀ ကျော်နှင့် ၄၀ကျော်များဖြစ်ကြောင်း သိရှိရပါသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြရသူများ

အမည် အသက် နေရပ်လိပ်စာ
ဒေါ်နီနီသိန်း ၆၇ မင်္ဂလာတောင်ညွန့်မြို့နယ်
ဦးခင်မောင်လေး ၆၁ မင်္ဂလာတောင်ညွန့်မြို့နယ်
ဒေါ်ဌေးဌေးရီ ၄၅ တောင်ဥက္ကလာပမြို့နယ်
ကိုကြင်အောင် ၃၇ ဗဟန်းမြို့နယ်
မသီတာပြုံး ၃၅ သင်္ကန်းကျွန်းမြို့နယ်
ဦးသန့်စင်သိန်း ၃၂
မင်္ဂလာတောင်ညွန့်မြို့နယ်
ကိုအောင်ကိုကိုမောင် ၃၀ မင်္ဂလာတောင်ညွန့်မြို့နယ်
ကိုစိုးဝင်း ၂၄ မင်္ဂလာတောင်ညွန့်မြို့နယ်


















၁၈ . ၄ . ၂၀၁၀ | Weekly Eleven

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats