Navigation - link to other main sections from here


ဗုံးပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ ရသူ များ၏ ရုပ် အလောင်း များကို ဧပြီလ ၁၆ ရက် နံနက် ပိုင်းတွင် ရေဝေး သုဿာန် သို့ ပို့ဆောင်


ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့ မွန်းလွဲ ၃ နာရီအ ချိန်ခန့်တွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ် အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ကြောင့် သေဆုံးသူ များ၏ ရုပ် အလောင်း များကို သင်္ဂြိုလ် နိုင်ရန် အတွက် ဧပြီလ ၁၆ ရက် နံနက် ၈ နာရီမှ စ၍ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်မှ တစ်ဆင့် ရေဝေး သုဿာန်သို့ ပို့ဆောင် ထားကြောင်း သိရှိ ရသည်။''အဲဒီနေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူ ကျိုတယ်၊ မုန့်လုံး ရေပေါ် လုံးပြီး အလှူဒါန လုပ်တယ်။ ၂ နာရီ ခွဲလောက်မှာ အလှူက ပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုး သွားကြည့်မယ် ဆိုပြီး ကန်တော်ကြီး ပတ်လမ်းကို သွားတယ်။ လေး နာရီလောက်မှာ အိမ်ကို ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက် လာတယ်။ ကျွန်မရဲ့ အမျိုးသားက ပါမလာ တော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်း ဆေးရုံတွေမှာ လိုက်ရှာတယ်။ သင်္ကြန် အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန် ဆေးရုံကြီး ရေခဲတိုက်ကို သွားရှာတော့ တွေ့ရတယ်။ သူဆုံး သွားတော့ ကျွန်မ နဲ့ အတူအသက် ၁၀ နှစ် အရွယ်ရှိတဲ့ သမီးလေး တစ်ယောက်ပဲ ရှိတော့တယ်''ဟု ဗဟန်းမြို့နယ် ကြားတောရ လမ်းရှိ သေဆုံးသူ၏ အမျိုးသမီးက ပြောပါသည်။ အဆိုပါ သေဆုံးသူ အမျိုးသားမှာ အသက် ၃၅ နှစ်ဝန်းကျင် ရှိကြောင်းသိရသည်။

ထို့အပြင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ် အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသူ များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အခန်း ၅-၆၊ ၃-၄၊ ၁၅-၁၆၊ ၁၃-၁၄၊ ၉-၁၀ တို့၌ ကုသ ပေးလျက် ရှိကြောင်း နှင့် ဒဏ်ရာ ရသူ များ၏ မိသားစု ၀င်များ အနက် တစ်ဦး စီကို ၀င်ရောက်ခွင့် ပြုထားကြောင်း သိရှိ ရပါသည်။

''ကျွန်မရဲ့သားက မနေ့က သူငယ်ချင်းေ တွနဲ့ လျောက်လည် ကြတယ်။ အပြန်မှာ သူ ပါမလာဘူး။ ပျောက်နေတဲ့ အတွက် ဆေးရုံကြီးကို လာကြည့် တာပါ။ ဒဏ်ရာ ရလူ စာရင်းတွေကို ကပ်ထားပြီး၊ လူနာ တစ်ယောက်ကို တစ်ဦးသာ ၀င်ကြည့်ခွင့် ပေးပါတယ်။ ကျွန်မရဲ့ သားကို ဆေးရုံကြီးရဲ့ အခန်း ၅-၆ မှာ တွေ့ပါတယ်။ ဒီအခန်းမှာ ယောက်ျားလေးက ၄၇ ယောက်၊ မိန်းကလေးက ၁၆ ယောက် ရှိတယ်လို့ စာရင်း ကပ်ထား တာကို တွေ့ရတယ်''ဟု ဒဏ်ရာ ရရှိသူ တစ်ဦး၏ မိခင်က ပြန်လည် ပြောကြား ကြောင်း Weekly Eleven တွင်ဖော်ပြထားပါသည်။

၁၆ . ၄ . ၂၀၁၀
Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats