
နေပြည်တော် - ရန်ကုန် ပြေးဆွဲ နေသော ခရီးစဉ် အဖြစ် လက်ရှိ အမှတ် (၃၁) အဆန်၊ အမှတ် (၇) အဆန် အမြန်ရထား နှစ်စင်း အပြင် နောက်ထပ် ရထား နှစ်စင်းကို ဧပြီ ၂ဝ ရက် နှင့် ၂၁ ရက် တို့တွင် ပြေးဆွဲမည် ဖြစ်ရာ အထူး(၁)သည် ရန်ကုန်မှ နံနက် (၁ဝ) နာရီ တွင် ထွက်ခွာပြီး ည(၇) နာရီ (၅ဝ) မိနစ်တွင် နေပြည်တော်သို့ ရောက်ရှိမည် ဖြစ်သည်။ အထူး (၂) သည် ရန်ကုန် မှ နံနက် (၁ဝ) နာရီခွဲ စတင် ထွက်ခွာပြီး ည (၈) နာရီ (၂ဝ) မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။ ရန်ကုန်-မန္တလေး သင်္ကြန် အထူး (အစုန်-အဆန်) ရထား များကို ပဲခူး၊ တောင်ငူ၊ နေပြည်တော် ၊သာစည် ဘူတာ များ နှင့် နေပြည်တော် - ရန်ကုန် အထူး (အစုန် ၊ အဆန်) ရထား များကို တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာ များတွင်သာ ရပ်တန့် သွားမည် ဖြစ်ပြီး ဧပြီ(၁၄) ရက်မှ (၁၆) ရက်တွင် ရထား ပြေးဆွဲခြင်းကို ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း လျှပ်တစ်ပြက် ဂျာနယ်တွင် ဖော်ပြထား ပါသည်။
၁၄ . ၄ . ၂၀၁၀
|

0 comments:
Post a Comment