Navigation - link to other main sections from here


သခင် ကိုယ်တော်မှိုင်း ခေါင်းချ ခဲ့သည့် နှစ်ပေါင်း (၈ဝ) က ပျဉ်ထောင် အိမ်ကို (၆) ထပ်တိုက် အဖြစ် ပြောင်းလဲ ဆောက်လုပ်မည်


ရန်ကုန်၊ စမ်းချောင်း မြို့နယ်၊ ချမ်းသာ လမ်းတွင် ရှိသော သခင် ကိုယ်တော်မှိုင်း ခေါင်းချ ခဲ့သည့် တစ်ထပ် ပျဉ်ထောင် အိမ်သည် နှစ်ပေါင်း (၈ဝ) ကြာ ရှိပြီ ဖြစ်ပြီး ယင်း အိမ်အား ဖြိုဖျက်ကာ (၆)ထပ်တိုက် အဖြစ် ပြောင်းလဲ ဆောက်လုပ်ရန် ကန်ထရိုက်သို့ ပေးထားပြီး ဖြစ်ကြောင်း စုံစမ်း သိရသည်။ သခင် ကိုယ်တော်မှိုင်း ၏ မြေး အရင်း ဖြစ်သူ ဒေါ်မြမြအေးက ပြောပြ ရာတွင် ''ကျွန်မတို့ အိမ်က လုံးဝကို နေလို့ မရ တော့ဘူး။ နာဂစ်ထိ သွား ကတည်းက တော်တော် ပျက်စီး နေခဲ့ တာပါ။ ကိုယ့်ဟာ ကိုယ် ပြန်ပြင် ဖို့က အိမ် တစ်လုံး လုံးကို ပြန်ပြင်ဖို့ ကျတော့ အခက် အခဲ တွေ ရှိတယ်။ ကျွန်မတို့ အဖိုး ခေါင်းချ သွားခဲ့တဲ့ ဒီအိမ်ကို ကျွန်မ တို့ အနေနဲ့ လုံးဝ အပြီး အပိုင် ပုံစံမျိုး နဲ့ ဘယ်သူ့ကိုမှ ရောင်းမှာ မဟုတ်ဘူး။ အခု ကန်ထရိုက်က ဒီအိမ်ကို ဖျက်ပြီး (၁၅)ပေ နှစ်ခန်းတွဲ (၆) ထပ်တိုက် ဆောက်မယ်။ ကျွန်မတို့က သူ့ကို မြေငှားတယ်။ အဲဒီ အတွက် (၁၅) ပေ၊ မြေညီထပ် တစ်ခန်းကို ကျွန်မတို့ ရမယ်။ ဒီအိမ်ရဲ့ မြေပိုင်ဆိုင် မှုက သခင် ကိုယ်တော်မှိုင်း ရဲ့သမီးကြီး ဖြစ်တဲ့ ဒေါ်မြရည် ရဲ့ သားသမီး (၃) ယောက် ကျွန်မတို့ မောင်နှမ တွေနဲ့ပဲ ဆိုင်တယ်''ဟု ပြောကြား ခဲ့သည်။ ငြိမ်းချမ်းရေး ဖခင် ဆရာကြီး သခင်ကိုယ်ေ တ်ာမှိုင်း ခေါင်းချ ခဲ့သည့် အိမ်ဟောင်း အား ဆောက်လုပ် ထားသည့် သစ်များကို အဟောင်း ဈေးဖြင့် ရောင်းချ ရာတွင်(၁၈) သိန်း နှင့် လက်သမား တစ်ဦးက ဝယ်ယူ ခဲ့ကြောင်း လျှပ်တစ်ပြက် ဂျာနယ်တွင် ဖော်ပြထားသည်။

၁၂ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats