Navigation - link to other main sections from here


ဘန်ကောက်မြို့ လူနေအိမ်တစ်ခု အတွင်း ၅ ကြိမ်မြောက် ဓါးပြ တိုက်ခံရ


ဘန်ကောက်မြို့ တောင်ဘက် ဖက်က ဆင်လမ်းမကြီး လူနေ ဆောင်တွင် ၅ ကြိမ်မြောက် ဓါးပြ တိုက်ခံ လိုက်ရ ကြောင်း အတိုက် ခံရသည့် အထည်ချုပ် မြန်မာ အလုပ်သမား လင်မယား တို့က ပြောသည်။ ဘန်ကောက်မြို့ ခေါင်းခွန်းဈေး၊ စွန်ထောင်းစီ၊ ဖက်ကဆင် ၆၉ လမ်း ရှိ အခန်းပေါင်း ၃၀ ကျော် ရှိသည့် လူနေဆောင် အတွင်း နေထိုင် သည့် ကိုအောင်အောင် နှင့် မခင်မင် တို့ဇနီး မောင်နှံတို့ ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့  ညနေ ၈ နာရီခန့် က အမည် မသိ ထိုင်းလူမျိုး တစ်ဦး အရိုး အသွား ၂ တောင်ခန့် ရှိသည့် ဓါး အနှောက်ဘက် လွှသွားပါ ဓါး ရှည်ဖြင့် ၀င်ရောက်ပြီး ဓါးပြ တိုက်သွား ခဲ့သည်။ လက်စွပ် ၂ ကွင်း ရွှေအလေးချိန် ၆ ပဲကျော်၊ စီဒီ အောက်စက် တစ်လုံး၊ နိးကီယားဖုန်း တစ်လုံး၊ ဘတ်ငွေ ၅၀၀၀ ကျော် နှင့် သားရေအိပ် စုစုပေါင်း ကာလ တန်ဘိုး ဘတ် တစ်သောင်းကျော်ဖိုး ဓါးပြ တိုက်ခ လိုက်ရ သည်။

ကိုအောင်အောင်က “ ကျနော်တို့ လင်မယား ၂ ယောက်က ပုတ်ပြတ် ချုပ်ပါတယ်၊ ကျနော်က ချုပ်ပြီးတဲ့ အထည်ဖိုးတွေ တွက်နေ ပါတယ်၊ ကျနော့် မိန်းမကလည်း ရေချိုးခါနီး ထမိန် ရင်လျှားနဲ့ ပဲ အစောကြီး ရှိသေးတော့ တံခါးက မပိတ် မိဘူး၊ ရုတ်တရက် ဆိုင်ကယ် ဦးထုတ် ဆောင်းထားတဲ့ လူ တယောက် ၀င်လာတယ်၊ အရိုး အသွား ၂ တောင်နီးနီး လောက်ရှိတဲ့ ဓါးရှည် နဲ့ ကျနော့် လည်ကုတ်ကို ထောက်ထားတယ်၊ ပြီးတော့ ကျနော်တို့ လင်မယား ၂ ယောက်ကို ရေချိုးခန်း ထဲကို သွင်းပြီးတော့ အိမ်ထဲမှာ စိတ်ကြိုက် ရှာတော့ တာပဲ” ဟု ပြောသည်။

အဆိုပါ လူနေ တိုက်ခန်း ဆောင်တွင် ဒီ့ မတိုင်ခင် ၄ ကြိမ် ဖြစ်ခဲ့ပြီး ဖြစ်သည်။ အမည် မဖေါ်လိုသည့် တောင်ကြီးရှမ်း အမျိုးသမီးငယ် တစ်ဦး ဆိုလျှင် ဘတ်ငွေ နှစ်သောင်းကျော် နှင့် ဖုန်း တို့ကို ယူငင် သွားရုံသာ မက ဘလက္ကာယ ပြုကျင့် ခြင်းကိုပင်လျှင် ခံခဲ့ ရဖူးသည်။ မခင်မင်က “ ကျမတို့လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး၊ ထူပူ သွားတာပဲ၊ စိတ်ကြိုက် ရှာသွား တယ်၊ ကျမတို့ မှာ တီဗွီက အလုံး တော်တော်ကြီးလို့ ၊ မဟုတ်ရင် သူ ယူသွားမယ့် သဘော ရှိပါတယ်၊ ကျမတို့ တရားမစွဲ ရဲဘူးလေ၊ ကျမတို့ တရား စွဲတယ်လို့ သိရင် လာသတ် မှာပေါ့” ဟု ပြောသည်။

ဓါးပြ တိုက်မှု ဖြစ်ပွားပြီး နောက်နေ့ တွင် နယ်မြေရဲ တစ်ဦး ရှောက်ရှိ လာပြီး အတိုက် ခံရသည့် ပစ္စည်း စာရင်း များကို လာရောက် မှတ်ယူ သွားသည်။ အဆိုပါ တိုက်တွင် တစ်လ ကျော်ကျော်ခန့် အကြာတွင် ယခုကဲ့သို့ ဖြစ်ပေါ်လေ့ ရှိသည်။ အဆိုပါ ဓါးပြ မှာ အသက်၃၀ အရွယ်ခန့် ဖီနို အမျိုးအစား ဆိုင်ကယ် အဖြူရောင် နှင့် ဖြစ်ကြောင်း မျက်မြင် များက ပြောသည်။

၁၀ . ၄ . ၂၀၁၀ ကိုကျော်သောင်း (ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats