
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် မှ အစိုးရပိုင် စက်သုံးဆီ အရောင်း ဆိုင်များ အား ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ လွှဲပြောင်း လုပ်ကိုင် ခွင့်များ ခွင့်ပြု ခဲ့ပြီး ဖြစ်သော်လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ်စ ဖြစ်သည့် ဧပြီ ၁ ရက်တွင် လွှဲပြောင်း ရယူ ကာ ဖွင့်လှစ် ရောင်းချခြင်း မပြုသေး ကြောင်း သိရသည်။ ပုဂ္ဂလိက လုပ်ငန်း ရှင်များမှ လွှဲပြောင်း လုပ်ကိုင်ခွင့် ရထားသည့် စက်သုံးဆီ အရောင်း ဆိုင်များ လွှဲပြောင်း လက်ခံ ဖွင့်လှစ်ခြင်း လုပ်ငန်းများ အား ဧပြီလ နှင့် မေလ အတွင်း ပြုလုပ်ရန် အဆင့်ဆင့် လမ်းညွှန်မှု ပြုထား ကြောင်း ပုဂ္ဂလိက ဒီဇယ် ရောင်းဝယ်သူ အချို့ထံမှ သိရ သည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ် အတွင်း ရောင်းချ ပေးခဲ့သည့် စက်သုံးဆီ အရောင်း ဆိုင်များ ၏ စာရင်း ရှင်းလင်း မှုများ ဆောင်ရွက်ရန် နှင့် လို အပ်သော ပြင်ဆင် ဆောင်ရွက် မှုများ ပြုလုပ်ရန် အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်စ တွင် ဖွင့်လှစ် ရောင်းချခြင်း မပြုသေးဘဲ စက်သုံးဆီ အရောင်း ဆိုင်များ လွှဲပြောင်းခြင်း လုပ်ငန်း အား နှစ်လ အချိန်ပေး ထားခြင်း ဖြစ်နိုင်ကြောင်း ၀န်ထမ်း တစ်ဦးက ၄င်း အမြင်ကို ပြောသည်။
“ဘဏ္ဍာရေး နှစ်စ အထိ တော့ ပုဂ္ဂလိက က မရောင်း သေးဘူး။ လက်ရှိ အစိုးရ ကပဲ ဆက်လက် ရောင်းနေ တယ်။ လွှဲပြောင်း ပေးထားတဲ့ ပုဂ္ဂလိက က စက်သုံးဆီ ဆိုင်တွေ စရောင်းရင် ကျွန်တော်တို့က ၀ယ်မလို့ စောင့်ကြည့် နေတာ၊ အခုလက်ရှိ ပြင်ပ ဆိုင်တွေမှာ ၀ယ်ရ တာက ဆီမသန့်ဘူး။ အရောတွေ များတယ်” ဟု ဆိပ်ကမ်း ကုန်တင် ကုန်ချ လုပ်ငန်း လုပ်ကိုင်သည့် ကုန်သေတ္တာ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။ “တရားဝင် ရောင်း ခွင့်ရတဲ့ ပုဂ္ဂလိက ဆီဆိုင်တွေ ဆိုရင်တော့ ဈေးနှုန်းနဲ့ဆီ အရည်အသွေး မှန်ကုန်မှု ရှိနိုင်တယ်” ဟု ယင်းမှ ထပ်မံ ပြောကြား ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၁၀ . ၄ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment