Navigation - link to other main sections from here


နေပြည်တော်တွင် ၅ သိန်းတန် GSM ချထား ပေးမည့် သတင်းမှာ မဟုတ်ဟုဆို


စက်တင်ဘာလ အတော အတွင်း တစ်နိုင်ငံလုံး၌ အသုံးပြု နိုင်မည့် ၅ သိန်းတန် GSM ဖုန်းများကို နေပြည်တော်၌ ချထား ပေးမည် ဟုသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ “နေပြည်တော်မှာ ၅ သိန်းတန် GSM ဖုန်း မချပေးပါဘူး။ နေပြည်တော်မှာ GSM ၊ စီဒီအမ်အေတွေ စတဲ့ ဖုန်းလိုင်း မျိုးစုံ သုံးလို့ ရအောင်သာ စီစဉ် ပေးနေခြင်းဖြစ်ပါတယ်။ GSM ကို ၅ သိန်းနဲ့ ချထားပေးဖို့ အစီ အစဉ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

၅ သိန်းတန် GSM ဖုန်းလိုင်းများ နေပြည်တော်တွင် ချထားပေးမည် ဟူသော သတင်း နှင့် ပတ်သက်၍ နေပြည်တော် စာတိုက်ကြီးသို့ ဆက်သွယ် မေးမြန်းခဲ့ ရာတွင် တာဝန်ရှိသူ တစ်ဦးက “ အဲ့ဒီ သတင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆီမှာ ၅ သိန်းတန် GSM အတွက် ဆိုပြီး ညွှန်ကြားချက် မရှိပါဘူး” ဟု ပြန်လည် ဖြေကြားသည်။ မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် ပြည်နယ် နှင့် တိုင်း ၉ ခုရှိ မြို့ပေါင်း ၂၄ မြို့တွင် ၅ သိန်းတန် စီဒီအမ်အေ 450 MHz မိုဘိုင်း ဖုန်းလိုင်း နှစ်သောင်းကျော်ကို ချထား ပေးလျက် ရှိကြောင်း အဆိုပါ စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်း တို့သည် နယ်မြေ ကျော်ပြီး သုံးစွဲလျှင် ၆၀ ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံး အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။


၀၄ . ၁၂ . ၂၀၁၀
© Myanmar Internet Journal
မြင့်ကျော်လှိုင်


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats