Navigation - link to other main sections from here


ရွှေတိဂုံစေတီတော်ကြီး ဂေါပကအဖွဲ့ မှ သြဂုတ်လ အတွင်း နိုင်ငံခြားသား ခရီးသွားများ ထံမှ ကန်ဒေါ်လာ ၆၃၃၄၅ ရရှိခဲ့


၂ဝ၁ဝ ပြည့်နှစ် ၊ သြဂုတ် ၁ ရက်နေ့ မှ ၃၁ ရက် နေ့ အထိ ရွှေတိဂုံစေတီတော်ကြီးသို့ နိုင်ငံခြားသား ဦးရေ ၁၂၆၆၉ ဦး လာ ရောက် လေ့လာ ဖူးမြော်ခဲ့ပြီး ၊ နိုင်ငံခြားသား တစ်ဦးလျှင် ငါးဒေါ်လာ ကောက်ခံ ခဲ့ရာ၊ တစ်လ အတွင်း နိုင်ငံခြားငွေ ယူအက်စ် ဒေါ်လာ / အက်ဖ်အီးစီ ၆၃၃၄၅ ရရှိ ခဲ့ကြောင်း ဘုရား ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။နိုင်ငံခြားသား ဧည့်သည် ဆိုရင် ထိုင်း ကတော့ အများဆုံးပဲ။ ပြီးတော့ တရုတ်၊ မလေးရှား၊ စပိန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျပန် နိုင်ငံ တွေက ဧည့်သည်တွေ အလာ အများဆုံး စာရင်း မှာပါတယ်။ အခြား နိုင်ငံတွေ ကလည်း နည်းနည်းစီ လာကြတယ်။ ပွင့်လင်းရာသီ ရောက်လာမှာ ဆိုတော့ တစ်လ နှင့် တစ်လ ပိုများလာ တယ်။ ပြီးတော့ သူတို့တွေ က အလှူခံ ဌာနကို လှူသွားတာတွေ ရှိသလို၊ အလှူခံ ပုံးတွေ မှာလည်း နိုင်ငံခြားငွေ လှူသွား ကြတာ တွေလည်း ရှိတယ် ဟု တာဝန်ရှိသူက ပြောပြခဲ့ သည်။

ရွှေတိဂုံစေတီတော်ကြီးသို့ သြဂုတ်လ အတွင်း ထိုင်း ၂၇၇၃ ဦး၊ တရုတ်မှ ၁၂၆၄ ဦး၊ မလေးရှားမှ ၁၂၃၅ ဦး၊ စပိန်မှ ၁၂၃၁ ဦး၊ ကိုရီးယားမှ ၅၉၄ ဦး၊ ပြင်သစ်နိုင်ငံမှ ၇၇၉ ဦး၊ ဂျပန်မှ ၆၅၂ ဦး တို့ဖြင့် အများဆုံး လာရောက် လေ့လာ ဖူးမြော်ခဲ့ ကြပြီး၊ အခြား နိုင်ငံများမှလည်း အနည်းငယ် စီဖြင့် လာရောက် ခဲ့ကြကြောင်း သိရသည်။

ကုမ္ပဏီတွေ ကနေ တစ်ဆင့် ကားတွေနဲ့ လာတာဆိုရင် သြဂုတ်လမှာ ၄၂ နိုင်ငံ ရှိတယ်။ လူဦးရေလည်း များတယ်။ ဇူလိုင် လ တုန်းက ၄၉ နိုင်ငံ ၊ ဇွန်လတုန်း က ၄၇ နိုင်ငံ ရှိတယ်။ ဇွန်လတုန်းက နိုင်ငံခြားသား ဦးရေ ၆၈၅ဝ ဦး၊ ဇူလိုင်လ တုန်းက ၁၁ဝ၄၃ ဦး လာရောက် ခဲ့ကြတယ်ဟု အထက်ပါ တာဝန်ရှိ သူက ပြောပြသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်ကြီး၏ အလှူခံပုံးမှ တစ်နေ့တာ ရရှိသော အလှူတော်ငွေမှာ သိန်းတစ်ရာ အထက်တွင် ရှိကြောင်း နှင့် ပုဂ္ဂလိက လုပ်ငန်း များသို့ တင်ဒါ စနစ်ဖြင့် လွှဲပြောင်း ပေးအပ်သော လုပ်ငန်းများ မှ ရရှိသော ရွှေတိဂုံစေတီ တော်ကြီး၏ တစ်နှစ် ဝင်ငွေ မှာ သိန်းပေါင်း ၅ဝဝဝ နှင့် ၆ဝဝဝ အကြားတွင် ရှိကြောင်း ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။


၂၈ . ၉ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats