
မဲပုံး များတွင်လည်း ပြည်သူ့ လွှတ်တော် အတွက် ဆန္ဒ ပြုရန် မဲပုံး အစိမ်းရောင်၊ အမျိုးသား လွှတ် တော် အတွက် မဲပုံး အပြာရောင်၊ ပြည်နယ် သို့မဟုတ် တိုင်း ဒေသကြီး လွှတ်တော် အတွက် မဲပုံး ခရမ်းရောင်နှင့် တိုင်းရင်း သား လူမျိုး ကိုယ်စားလှယ်များ အတွက် မဲပုံး အဖြူရောင် အဖြစ် ခွဲခြား သတ်မှတ် ထားပြီး ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။ မဲခိုး၊ မဲလိမ် ကိစ္စတွေ မဖြစ်အောင် ကော်မရှင်က စနစ်တကျ လုပ်သွား ပါမယ်။ ဘယ်ပါတီ ကိုမှ သီးခြား အခွင့် အရေး ပေးတာမျိုး၊ ဘက်လိုက် တာမျိုး လုပ်မှာ မဟုတ်ဘူး။
လျှို့ဝှက် ဆန္ဒပြုခန်း တွေကိုလည်း ဥပဒေပါ ပြဋ္ဌာန်း ချက် တွေနဲ့အညီ ပြုလုပ်သွား ပါမယ်။ ပြည်သူတွေ အနေနဲ့ ဆန္ဒရှိတဲ့ ပါတီကို ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ် မဲပေး နိုင်ပါ တယ်ဟု ၄င်းက ပြောသည်။ ဆန္ဒမဲ ပေးချိန်နှင့် မဲရေတွက် ချိန်များတွင် ပါတီများ သံသယ မဖြစ်ရ လေအောင် မဲဆန္ဒနယ် အလိုက် ကိုယ်စားလှယ် များအား မဲရုံ ပရိဝုဏ် အတွင်း စောင့် ကြည့်ခွင့် ရမည်ဟု သိရသည်။
၂ဝ၁ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ စာရင်းကို မြေပြင် လူဦးရေ စာရင်း ကောက်ယူ စစ်ဆေးပြီး သတ်မှတ် ကာလသို့ ရောက်ရှိ လာပါက ဆန္ဒ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် ရုံးများတွင် ကြေညာ သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းတွင် မဲဆန္ဒရှင် တစ်ဦး၏ အမည်သည် သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေ တွင်သာ ရှိရမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားကြောင်း ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားသည်။
၁၄ . ၉ . ၂၀၁၀
|

0 comments:
Post a Comment