Navigation - link to other main sections from here


လိုင်စင်မဲ့ ယာဉ်များ သတင်း ပေးသူအား ယာဉ်တန်ဖိုး၏ တစ်ဆယ် ရာခိုင်နှုန်း ဆုချီးမြှင့်မည်


တရားမဝင် ကား၊ ဆိုင်ကယ် စစ်ဆေး ဖမ်းဆီး ထိန်းသိမ်းခြင်း နှင့် လေလံတင် ရောင်းချရေး စီမံချက် အရ လိုင်စင်မဲ့ ယာဉ်များ နှင့် ပတ်သက်၍ သတင်းပေး သူအား လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ တန်ဖိုး၏ တစ်ဆယ် ရာခိုင်နှုန်းကို အကောက်ခွန် ဦးစီးဌာနက ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန် ချက် အရ သိရှိ ရပါသည်။

ထို ကြေငြာ ချက်တွင် တရားမဝင် လိုင်စင်မဲ့ ကားများ နှင့် ဆိုင်ကယ်များ စစ်ဆေး ဖမ်းဆီး ထိန်းသိမ်းခြင်း နှင့် လေလံတင် ရောင်းချရေး စီမံချက် အရ ဖမ်းဆီးမည့် အဖွဲ့ များက ဖမ်းဆီး မိသည့် ပစ္စည်းကို ပိုင်ရှင်က ပြည်လည် ရွေးယူငွေ သို့မဟုတ် ပိုင်ရှင် မပေါ်၍ လေလံ တင်သည့် လေလံ ရောင်းချငွေ တို့မှ သတင်းပေး သူကို တစ်ဆယ် ရာခိုင်နှုန်း နှင့် ဖမ်းဆီး ပေးသူအား တစ်ဆယ် ရာခိုင်နှုန်း ဆုချီးမြှင့် သွားမည် ဖြစ်ရာ အကောက်ခွန် ဦးစီး ဌာနက ဆုချီးမြှင့်ရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ် များအား သက်ဆိုင်ရာက ကာလ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်း သတ်မှတ်ပြီး အခွန် ပေးဆောင် စေကာ မှတ်ပုံ တင်ခွင့် ပြုလုပ် ပေးနေကြောင်း ၊ ၈၅ ရာခိုင်နှုန်း အခွန် ပေးဆောင် ရာ၌ အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ အကောက်ခွန် ဒဏ်ကြေး များလည်း ပါဝင်မည် ဖြစ်ကြောင်း နှင့် ပြည်တွင်း အခွန် ဦးစီးဌာနက ဖမ်းဆီး မိသော တရားမဝင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ် များအား ပိုင်ရှင်က ပြည်လည် ရွေးယူလို ပါက အထက်ပါ အတိုင်း အခွန် ပေးဆောင်ကာ ပြည်လည် ရွေးယူခွင့် ပြုမည် ဖြစ်ကြောင်း တို့ ပါရှိသည်။

မူလ ပိုင်ရှင်များ ထံမှ သိမ်းဆည်းခံ ကားများ နှင့် ဆိုင်ကယ်များ ထုခွဲ ရောင်းချရေး အဖွဲ့ ဖွဲ့စည်း၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများတွင် ရောင်းချပေး သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစားများ တွင်လည်း ဖော်ပြထားသည်။


၂၁ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats