
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် နိုင်ငံရေး ပါတီ အဖြစ် ပြောင်းလဲ ဖွဲ့စည်း လိုက်ပြီး ဖြစ်သည့် အတွက် နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီ (USDP) အဖြစ်သာ ဆက်လက် ရပ်တည် သွားမည်ကာ မူလ တည်ရှိ လှုပ်ရှားနေ သော အသင်းအဖွဲ့အဖြစ်မှ ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ သူရဦးမြင့်ဦးက ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ အသင်း ဖျက်သိမ်းခွင့်ကို တင်ပြ တောင်းခံခဲ့ရာ ဇူလိုင်လ ၆ ရက်နေ့တွင် ဖျက်သိမ်း ခွင့် ကျသဖြင့် သူ့အပိုင်းနှင့်သူ စတင်ဖျက်သိမ်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြောကြားသည်ဟု သိရပါသည်။ ဒီနေ့က စပြီးတော့ ယူအက်စ် ဒီအေ ဆိုတာ ရှိတော့မှာ မဟုတ် ပါဘူး၊ နိုင်ငံရေး ပါတီ တစ်ခု အနေနဲ့ ကျွန်တော်တို့ ဆက်သွားမှာပါ ဟု သူရ ဦးမြင့်ဦးက ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖျက်သိမ်း လိုက်ပြီးနောက် အသင်းပိုင် ပစ္စည်း အားလုံးကို ဗဟို ကော်မတီများ၏ ဆုံးဖြတ်ချက် အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို တရားဝင် လွှဲပြောင်းပေး လိုက်ပြီ ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြား သွားကြောင်း သိရပါသည်။ ၁၉၉၃ ခုနှစ် မှ ၂၀၁၀ ခုနှစ် အထိ နှစ်ပေါင်း ၁၇ နှစ် ကြာတိုင် လှုပ်ရှား ဆောင်ရွက်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း သည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲ ၀င်ရန် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အဖြစ် နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်ပြီး ပါတီ မှတ်ပုံ တင် လျှောက်ထားခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။
၁၆ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment