
ရှေးဟောင်းကျောက်မျက် ထူးဆန်းမှုတွေပါတဲ့ ကျောက်မျက် တွေကို လေလံတင် ရောင်းချ မယ်လို့ သိရတယ်။ “ရှားပါး ကျောက်တွေပါ၊ ကျောက်တွေမှာ အံ့သြ စရာတွေ ပါနေတယ်၊ နှစ်ပေါင်း ၁၀၀ လောက်က ကျောက်မျက်လဲ ပါတယ်၊ ဘိုးဘိုး တို့လဲ အသက် ကြီးပြီ၊ လှူချင်လို့ ရောင်းမှာ ” လို့ ကျောက်မျက် တွေရဲ့ ပိုင်ရှင် ဦးပီတာ ညွန့်မောင် က ပြောပါတယ်။ Blue Eyed Beautiful Sapphire လို့ အမည် ပေးထားတဲ့ နီလာဆိုရင် စော်ဘွားတွေ အစဉ် အဆက် လက်ဆင့်ကမ်း ခဲ့တဲ့ ပစ္စည်း ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ဝန်းကျင် ရှိပါတယ်။ နီလာကို ဘေးက ပန်း အရွက်ပုံတွေ ဖော်ထားပြီး အလယ်မှာ မျက်စိ ပုံစံ ဖော်ထားတာ ဖြစ်ပါတယ်။ အမြင့်က 0.7cm ဝန်းကျင်ရှိပြီး အလျားက 1.2cm ဝန်းကျင် ရှိပါတယ်။ ပတ္တမြား မှာတော့ စေတီပုံ ပေါ်နေ တာပါ။ ကျိုက်ထီးရိုး စေတီပုံပါ။ Moon stone ကျောက်မှာ ဆိုရင် ဘုရားဆင်းတုတော်ပုံ ပေါ်နေတာ အစိမ်းရောင် နဲ့ ပန်းချီကား တစ်ချပ်လို ဖြစ်နေတာပါ။ သလင်း ကျောက်တွေ မှာလည်း စေတီပုံ ပေါ်နေတာပါ။ ပတ္တမြား ခိုသွေးမှာဆို ရွှေတိဂုံ စေတီ ပုံစံပေါ်နေတာ ဖြစ်ပါတယ်။ သလင်းကျောက်မှာလည်း နဂါးရုံဘုရားပုံ ပေါ်နေတာလည်း ရှိပါတယ်။ အများစုက အရွယ် အစား အကြီးတွေ ဖြစ်ပါတယ်။ 1.5cm, 1.8cm, 1.7cm ၀န်းကျင်တွေ ရှိကြ ပါတယ်။ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်းက ၀ယ်ခဲ့တဲ့ ကျောက်မျက် တွေကို သွေးဖို့ ထုခွဲရာက ပေါ်လာတာတွေလို့ သိရပါတယ်။ နိုင်ငံတော်က ပြုလုပ်တဲ့ ကျောက်မျက်ပွဲ တွေမှာ လေလံတင် ရောင်းချမှာ ဖြစ်ပါကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၎ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment