အာဇာနည် ခေါင်းဆောင်ကြီး များ၏ မိသားစု များက အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂူဗိမာန် အသီးသီး တို့၌ လွမ်းသူ့ ပန်းခွေချ အလေးပြု ကန်တော့ ကြပြီး မေတ္တာပို့ အမျှပေးဝေ ကြသည်။ ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်း အဖွဲ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတ အစည်း အရုံး၊ မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်း အရုံးနှင့် မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်း အရုံး တို့မှ ကိုယ်စားလှယ် များက ဗိုလ်ချုပ် အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂူဗိမာန် အသီးသီး တို့၌ လွမ်းသူ့ ပန်းခွေ ချ၍ အလေးပြု ကြသည်။
၂၀ . ၇ . ၂၀၁၀
|

0 comments:
Post a Comment