တရုတ် ဒုတိယ ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ဇွန် ၂၈ ရက် နံနက် ၈ နာရီ ခွဲတွင် ရန်ကုန်မြို့မှ နေပြည်တော် သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း အထွေထွေ အတွင်း ရေးမှူး ဦးဌေးဦး အား နေပြည်တော် ဒက္ခိဏ သီရိ မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း ဌာနချုပ် ရုံး၌ သွားရောက် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် အထွေထွေ အတွင်း ရေးမှူး ဦးဌေးဦးက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တရုတ် ဒုတိယ ဝန်ကြီးချုပ် က နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု နှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည့် အခြေ အနေ တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။ ယင်းနောက် တရုတ် ဧည့်သည်တော် အဖွဲ့သည် နေပြည်တော် ဝန်ကြီးဌာန ရုံးများ၊ ဝန်ထမ်း အိမ်ရာများ၊ ပြည်သူ့ လွှတ်တော် အဆောက် အအုံနှင့် သမ္မတ အိမ်တော်တည် ဆောက်နေမှု၊ နေပြည်တော် ဖွံ့ဖြိုး တိုးတက်မှု တို့ကို လှည့်လည် ကြည့်ရှုကြပြီး မြန်မာ့ ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်) ကို သွားရောက် ကြည့်ရှု လေ့လာ ကြသည်။
၃ . ၇ . ၂၀၁၀
|

0 comments:
Post a Comment