Navigation - link to other main sections from here


Apollo Cruise နှင့် Louis Cruise ဇိမ်ခံ သင်္ဘော ကြီးများ ပေါ်တွင် တာဝန်ထမ်း ဆောင်ရန် မြန်မာ သင်္ဘောသား ၄ဝဝ ကျော်ကို ခေါ်ယူမည်


ဟိုတယ် အဆင့်မီ အိပ်ခန်းပေါင်း ၁ဝဝဝ ကျော် ပါဝင်သော အမေရိကန် ပြည်ထောင်စု (မီယာမီ) အခြေစိုက် Apollo Cruise နှင့် Louis Cruise ဇိမ်ခံ သင်္ဘောကြီးများ ပေါ်တွင် တာဝန်ထမ်း ဆောင်ရန် မြန်မာ သင်္ဘောသား ၄ဝဝ ကျော်ကို ခေါ်ယူ သွားမည် ဖြစ်ကြောင်း CTI Group (Worldwide Service) မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် ဦးဘုန်းမြင့် လူက ပြောကြားသည်။အင်္ဂလိပ်စာ ကျွမ်းမှ အလုပ်ချိန် ပြင်ပမှာ သင်္ဘောပေါ်မှာ ဟိုတယ် ဆိုင်ရာ သင်တန်းတွေ တက်ပြီး ရာထူးတိုး မှာပါ'' ဟု ဦးဘုန်းမြင့်လူ က ပြောကြားသည်။ တန် ၅ဝဝ နှင့် အထက် အပျော်စီး နှင့် ကုန်တင် ပင်လယ်ကူး သင်္ဘောကြီး များတွင် အခြေခံ သင်္ဘောသား အဖြစ် တာဝန် ထမ်းဆောင်ရန် မြန်မာ နိုင်ငံကုန် သွယ်ရေကြောင်း ကောလိပ် က စစ်ဆေးသော အခြေခံ အင်္ဂလိပ်စာ ကျွမ်းကျင်မှု စာမေးပွဲကို အောင်မြင်ပြီးမှသာ ကျန်းမာရေး စစ်ဆေး မှုများ ပြုလုပ်ခြင်း၊ CDC နှင့် နိုင်ငံကူး လက်မှတ်များ လျှောက်ထားခြင်း တို့ကို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား များအသင်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

''အနိမ့်ဆုံး လစာ ဒေါ်လာ ၅ဝဝ နဲ့ အထက်ပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနဲ့ ကြိုးစားမှု အပေါ် မူတည်ပြီး ရာထူး တက်တာ မြန်တာပါ။ လက်ရှိ လုပ်ရမယ့် အလုပ်တွေကတော့ ထမင်းချက်၊ အိပ်ခန်းဆောင် သန့်ရှင်းရေး၊ မီးဖိုချောင် သန့်ရှင်းရေး တွေပါ'' ဟု CTI Groupမှ ကိုယ်စားလှယ် ဦးဘုန်းမြင့်လူက ရှင်းပြကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။


၎ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats