Navigation - link to other main sections from here


ဆင်ဆာမဲ့ မြန်မာ သီချင်း ခွေများ အစား နိုင်ငံခြား ဇာတ်လမ်းတွဲ ခွေများကို အဓိက ထား ရောင်းချ


မြန်မာနိုင်ငံ ဗီဒီယို ဆင်ဆာ အဖွဲ့မှ ဆင်ဆာမဲ့ မြန်မာ သီချင်းခွေ များနှင့် ဇာတ်လမ်းခွေ များကို တင်းကျပ်စွာ လိုက်လံ စစ်ဆေး ဖမ်းဆီးလျက် ရှိသောကြောင့် နိုင်ငံခြား ဇာတ်လမ်းတွဲ အခွေ များကို အဓိကထား ရောင်းချ လာကြကြောင်း လေ့လာ တွေ့ရှိ ရသည်။ ဗိုလ်ချုပ် အောင်ဆန်း လမ်း နှင့် (၃၅) လမ်း ထောင့်ရှိ နိုင်ငံခြား ဇာတ်လမ်းတွဲ များကို ရောင်းချ နေသော ဆိုင်တွင် နိုင်ငံခြား ဇာတ်လမ်းခွေ များကို ဝယ်ယူသူ တစ်ဦးက '' ရပ်ကွက် ထဲက ဗီဒီယိုခွေ အငှားဆိုင်မှာ ကျတော့ နိုင်ငံခြားကားတွေ ငှားလို့ မရဘူးလေ။ ကိုယ်ကြည့် ချင်တဲ့ အင်္ဂလိပ် ခွေတွေကို မြို့ထဲမှာပဲ လာဝယ်ပြီး အပိုင် သိမ်းထား လိုက်တော့ တယ်ဗျာ။ မြန်မာကား ကြည့်ချင် ရင်တော့ အဆင်ပြေ ပါတယ်။ ရပ်ကွက်ထဲက လမ်းထိပ်မှာ သွားငှား လိုက်ရုံပဲ။ မြန်မာ ဗီဒီယို ခိုးကူးခွေ တွေကို တင်းတင်း ကျပ်ကျပ် စစ်ဆေး ဖမ်းဆီးတာ ကတော့ ကောင်းပါတယ်'' ဟု ပြောပြသည်။ နိုင်ငံခြား ဇာတ်လမ်းတွဲ ခွေများကို ရောင်းချ ရာတွင် တစ်ခွေလျှင် (၅ဝဝ) ကျပ်ဖြင့် အတင့်ရဲစွာ ရောင်းချလျက် ရှိကြောင်း စုံစမ်း သိရသည်။ လမ်းပေါ်၌ ခရီးသွား ပြည်သူ မြန်မာ အမျိုးသမီးများ အနေ နှင့် မတွေ့သင့်၊ အမြင်မသင့်ကြောင်း နိုင်ငံခြား ဇာတ်လမ်းတွဲ အခွေများအား ရောင်းချ နေသူများသည် ဆင်ခြင် သင့်ကြောင်း ခရီးသွား ပြည်သူ တစ်ဦးက သုံးသပ် ပြောဆို ခဲ့ကြောင်း လျှပ်တပြက်ဂျာနယ်တွင် ဖော်ပြထားသည်။


၁၃ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats