Navigation - link to other main sections from here


ဘင်္ဂလားဒေ့ရှ် နှင့် ကုန်သွယ်မှု ဆောင်ရွက်ရန် အွန်လိုင်းမှ ဆက်သွယ်နိုင် Online


ဘင်္ဂလားဒေ့ရှ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန် မြှင့်တင် ရေး ဌာနမှ ကုန်သွယ်မှု လုပ်ငန်း ကိစ္စများ ဆက်သွယ် ဆောင်ရွက် နိုင်ရန် အတွက် လွှင့်တင် ထားသော Online Video Conference Corner သို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ဆက်သွယ် နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချူပ် တာဝန်ရှိ သူက ပြောသည်။ အဆိုပါ Online Video Conference ကို အသုံးပြုခြင်း ဖြင့် မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ကုန် တင်ပို့နေသော ရောင်းသူ၊ ဝယ်သူများ အချင်းချင်း အွန်လိုင်း ဖြင့် အပြန် အလှန် ဆက်သွယ် နိုင်ခြင်း မိမိတို့၏ ကုန်ပစ္စည်း များကို အွန်လိုင်းတွင် အီးမေးလ် ပေးပို့ ပြသ နိုင်ခြင်း၊ ရောင်းသူ၊ ဝယ်သူ အချင်းချင်း အခက် အခဲ ရှိသည့် အခါ အပြန်အလှန် စေ့စပ် ညှိုနှိုင်း နိုင်ခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ကုန်သွယ် မှုတွင် ကျင့်သုံးနေသော လိုက်နာရမည့် အချက်အလက် များကို တိကျ မှန်ကန်သော ဌာနမှ ရရှိခြင်း အစရှိသော အကျိုးကျေးဇူးတို့ကို ရရှိနိုင်မည် ဖြစ်သည်။ အထက်ပါ Video Conference Corner ကို Skype : epb.bd ဖြင့် လည်းကောင်း Yahoo messenger: ticepbbd ဖြင့် လည်းကောင်း တနင်္ဂနွေနေ့မှ ကြာသပတေးနေ့ အထိ ဘင်္ဂလားဒေ့ရှ် စံတော်ချိန် နံနက် ၉ နာရီမှ ၅ နာရီတွင်း ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း တာဝန်ရှိသူက ပြောကြားကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။


၂၉ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats