Navigation - link to other main sections from here


ထက်ထက်မိုးဦး နှင့် မအေးသူစံ တို့၏ အမှု ဖြစ်စဉ် အသေးစိတ် နှင့် ဓါတ်ပုံ ၊ ဆေးစစ်ချက် ၊ တရားရုံး မှတ်တမ်း


ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး နှင့် 7 Day News ဂျာနယ်မှ သတင်း ထောက် မအေးသူစံ တို့၏ သတင်း များသည် တရားရုံးတွင် ရုံးတင် စစ်ဆေး နေပြီ ဖြစ်သောကြောင့် တရား စီရင်ရေးကို အနှောင့် အယှက် ဖြစ်စေ နိုင်ခြင်း အတွက် ဂျာနယ် စာမျက်နှာ များတွင် ဖော်ပြခွင့် မပြု တော့ကြောင်း သိရှိ ရသည်။ ယင်းသတင်း နှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် တရားရုံးမှ ၂ဝ၁ဝ ဇွန်လ (၃) ရက် နေ့တွင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃/၅ဝ၆) အရ တရားရုံးတင် စစ်ဆေး နေဆဲ ကာလ ဖြစ်သဖြင့် ဂျာနယ် စာမျက်နှာ ပေါ်တွင် ဖော်ပြ ရေးသားလျှင် နိုင်ငံတော်၏ ဥပဒေပြု မဏ္ဍိုင် ဖြစ်သော တရားစီရင်ရေး ကို များစွာ အနှောင့် အယှက် ဖြစ်စေ နိုင်သဖြင့် ယခုကဲ့သို့ မဖော်ပြခြင်း ဖြစ်နိုင်ကြောင်း ဥပဒေ ကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။ ပုဒ်မ (၃၂၃) သည် နာကျင်စေမှု ဖြစ်ပြီး ပုဒ်မ (၅ဝ၆) သည် ခြိမ်းခြောက် ပြောဆိုမှု ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

ယင်း ဖြစ်ရပ်များနှင့် ပတ်သက်၍ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး သည် ပြည်ပ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းသို့ အင်တာဗျူး ဖြေဆိုခဲ့ ရာတွင် သူမ ကိုယ်တိုင် သတင်းထောက် မအေးသူစံအား ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့ပုံ နှင့် သူမ ဘာတွေ ပြောခဲ့သည်ကို အသေးစိတ် ရှင်းရှင်း ပြောဆိုမသွားသည်ကိုလည်း တွေ့ရှိခဲ့ရ ပေသည်။ ယင်း ဖြစ်ရပ်များ ဖြစ်ပွားချိန်တွင် မျက်မြင် သက်သေ များကို တရားရုံးမှ သက်သေ အဖြစ် ထွက်ဆိုရန် စစ်ဆေးခဲ့ ချိန်တွင် ဟဲလို မဂ္ဂဇင်းမှ ကိုဘုန်းနေလ၊ ဖက်ရှင် မဂ္ဂဇင်းမှ မဝင်းမာ၊ ကိုသန့်ဇင်အောင် တို့သည် တရားရုံးတွင် သရုပ်ဆောင် ထက်ထက်မိုးဦး မအေးသူစံ အပေါ် မည်သို့ ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည် ပါးစပ် မှလည်း မည်သို့ ပြောဆို သွားသည် များကို မျက်မြင် တွေ့ခဲ့သူ အထက်ပါ သုံးယောက်မှ တရားရုံးတွင် ထွက်ဆို သွားသည်ဟု 7 Day News ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောဆိုသည်။ ပါဖက်ဂျာနယ်မှ မသက်သည် တရားရုံးသို့ ရောက်ရှိ မလာခဲ့ကြောင်း တရားလိုများ ဘက်မှ ပြောဆို ခဲ့သည် ကိုလည်း ယင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ မသက်သည် ထက်ထက်မိုးဦးက စည်းရုံး နိုင်ခဲ့ခြင်းကြောင့် တရားရုံးသို့ မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ သတင်းရပ်ကွက်တွင် သတင်းများ ထွက်ပေါ်နေသည်။

7 Day News ဂျာနယ်မှ အယ်ဒီတာများက အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးနှင့် မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်း အဖွဲ့သို့ တိုင်တန်းမှုများ ပြုလုပ်ခဲ့ရာ ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး သူမ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက် (၁)စောင် ထုတ်ခဲ့သည်။ အဆိုပါ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက် ကို မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်း ဗဟိုကော်မတီ အစည်း အဝေးတွင် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။ 7 Day News ဂျာနယ်မှ တိုင်တန်း မှုတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက မည်သို့မျှ မတုံ့ပြန် ခဲ့ပေ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ဦးဆောင် နာယကမှာ ပြန်ကြားရေး ဝန်ကြီးဦးကျော်ဆန်း ဖြစ်သည်။

7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံနှင့် ရုပ်ရှင်သရုပ် ဆောင်ထက်ထက်မိုးဦးတို့ အပြန် အလှန် ပြောခဲ့ ကြသည် များကို The Voice ဂျာနယ်မှ ပြန်လည် ကူးယူ၍ ဖော်ပြလိုက် ပါသည်။

မေး ။ ။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခု သက်သာသွားပြီ။

မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခု လက်ရှိဘဝလေးကို အစ်မဘယ်လို ဖြတ်သန်းနေပါသလဲ။

ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။

မေး ။ ။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လို့ပါ။

ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး ။ ။ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။

ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။

မေး ။ ။ အဲဒါ ဘယ်တော့လောက်လဲ မသိဘူး။

ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။

မေး ။ ။ ဟိုတလောကလေ အဲ့လိုမျိုး ဖြစ်သွားတာ အစ်မ ဘယ်လိုမျိုး ခံစားရလဲ။

ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။

မေး ။ ။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာတွေ့ခဲ့ကြတာလဲ။

ဖြေ ။ ။ ဒီကိစ္စ အသေး အမွှားလေးတွေ ကတော့ ထက်ထက် မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူး ထဲမှာ ထည့်တာတော့ ထည့်လို့ ရတယ်၊ ထည့်လို့ မရလို့တော့ မဟုတ်ပါဘူး။ ဒါတွေက ဘာမှ မဟုတ်တဲ့ မေးခွန်း လေးတွေ ဖြစ်နေတဲ့ အတွက် တခြား မေးခွန်းလေးတွေ မေးပေးပါလားလို့ ….. နော်။

မေး ။ ။ ပရိသတ် တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စ နေရတယ်။ အဲဒီ ဝေဖန်မှု တွေကို အစ်မ ဘယ်လိုမျိုး ခံစားရလဲ။

ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ ဟု ဆိုသဖြင့် အဆိုပါ သတင်းထောက်မှာ တောင်းပန်ပြီး ခန်းမ အပြင်သို့ ထွက်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

ထို့နောက် မအေးသူစံ အပြင် ရောက်သော အခါ ထက်ထက်မိုးဦးမှာ အပြင်သို့ ကြိုတင် ရောက်နေပြီး မအေးသူစံအား “ ဒီမေးခွန်း တွေကို ဘယ်သူ မေးခိုင်းတာလဲ” ဟု ဆိုကာ မအေးသူစံ၏ ဆံပင်ကို ဆွဲပြီး လည်ပင်းကို ၄င်း၏ လက်ဖြင့် ညှစ်သည်။ ပြီးနောက် ပါးကို လှမ်းရိုက်သော အခါ ကြားမှ ဖျန်ဖြေ သူများက တားဆီးထား၍ ပါးကို မထိတော့သည့် အချိန်တွင် ထက်ထက်မိုးဦးက

" ငါ့ကို သက်သက် စော်ကားတာ။ နင်တို့ စာနယ်ဇင်း တွေရဲ့ နှစ်ပဲ တစ်ပြား လစာကို သနားလို့ ငါဖြေ နေတာ။ ငါ့ကို ဘာမှတ် နေလဲ။ ငါ့ဘ၀ ငါ ထူထောင် ထားတာ။ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး။ သတ်ပစ် လိုက်မယ်။ ပွဲထဲမှာ ဖြစ်နေလို့ "


ဟု အခြား သတင်းထောက်များ ရှေ့တွင် ပြောဆိုပြီးမှ ခန်းမထဲသို့ ပြန်လည် ၀င်ရောက်သွား ခဲ့သည်။ သတင်းထောက် မအေးသူစံ၏ လည်ပင်းကို ထက်ထက်မိုးဦး၏ လက်ဖြင့် ညှစ်ထားစဉ် လက်သည်းရှည် များကြောင့် လည်ပင်းတွင် ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆို လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြ ထားသည်။



၅ . ၆ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats