Navigation - link to other main sections from here


နော်ဝေ၀န်ကြီး နာဂစ်ဒေသသို့ သွားရောက်


မြန်မာ နိုင်ငံသို့ ယခု ရက်ပိုင်း တွင် ခေတ္တ ရောက်ရှိ နေသော နော်ဝေ နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး Erik Solheim သည် မေလ ၃၁ ရက်နေ့က ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်း အတွင်းရှိ နာဂစ် မုန်တိုင်း ဒဏ်သင့် ဒေသ များသို့ သွားရောက် လည်ပတ် ခဲ့ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ပေးပို့သော သတင်းများ အရ သိရှိ ရသည်။ အဆိုပါ ဝန်ကြီး၊ နော်ဝေ ကိုယ်စားလှယ် အဖွဲ့နှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် တို့သည် ကုလသမဂ္ဂက ကြီးကြပ်၍ ပြန်လည် ထူထောင်ရေးများ လုပ်ကိုင် နေသည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် နှင့် ဧရာဝတီတိုင်း ကျိုက်လတ် မြို့နယ်တွင်းရှိ ကျေးရွာ သုံးရွာသို့ သွားရောက် ခဲ့ပြီး မုန်တိုင်း ခိုလှုံရာ အဆောက် အအုံများ တည်ဆောက်ခြင်း၊ မုန်တိုင်း အန္တရာယ် ကာကွယ်ရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ နှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးမှု လုပ်ငန်းများကို သွားရောက် ကြည့်ရှု ခဲ့သည် ဟုလည်း ယင်း သတင်းတွင် ဖော်ပြ ပါရှိသည်။

အဆိုပါ နော်ဝေ ၀န်ကြီးသည် မြန်မာ နိုင်ငံသို့ မလာရောက်မီ နိုင်ငံတကာ မီဒီယာများကို ပြောကြားရာ၌ မြန်မာ့ အရေးကို Sanction ခေါ် ပိတ်ဆို့ အရေးယူမှု တစ်ခုတည်းဖြင့် အလုပ်မဖြစ် နိုင်ကြောင်း နှင့် တွေ့ဆုံ ဆွေးနွေး အဖြေ ရှာရန် လိုအပ်ကြောင်းလည်း ပြောကြား ခဲ့သည်။ Mr.Solheim သည် ယခု အကြိမ်မှာ မြန်မာ နိုင်ငံသို့ ဒုတိယ အကြိမ် လာရောက်ခြင်း ဖြစ်ပြီး ၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ အပြီး ကလည်း မြန်မာ နိုင်ငံသို့ လာရောက် ခဲ့သေးသည်။ နော်ဝေနိုင်ငံ အနေနဲ့ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများရဲ့ ဘေးဒုက္ခကို အထူး စာနာပါတယ်။ ရွာသူ ရွာသားတွေ စားဝတ် နေရေး အတွက် အစွမ်းကုန် ဖြည့်ဆည်း ပေးမှာပါ ဟု ယင်း ခရီးစဉ်၌ ရွာသားများ နှင့် တွေ့ဆုံစဉ် နော်ဝေ ၀န်ကြီးက ပြောကြား ခဲ့သည် ဟုလည်း UNDP က ပေးပို့သည့် သတင်းတွင် ဖော်ပြထားသည်။ နော်ဝေ နိုင်ငံသည် နာဂစ်မုန်တိုင်း ကာလ အပြီး မြန်မာ နိုင်ငံသို့ လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီငွေ အမေရိကန် ဒေါ်လာသန်း ၅၀ နီးပါး ပေးအပ်ခဲ့သည် ဟုလည်း နော်ဝေ နိုင်ငံမှ ထုတ်ပြန်သော သတင်းများတွင် ဖော်ပြ ပါရှိသည်။


၆ . ၆ . ၂၀၁၀
Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats