မန္တလေးမြို့ အပူဒဏ် ကာကွယ်ရေး ရေရှည် အထောက် အကူပြု နိုင်ရန် အတွက် ' စိမ်းရောင်စို Activity ' အမည်ဖြင့် အရိပ်ရ သစ်ပင် စိုက်ပျိုးရေး အစီအစဉ် တစ်ရပ်ကို ဇွန်လဆန်း တွင် စတင် အကောင် အထည်ဖော် ဖွဲ့စည်း လိုက်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိ ရသည်။ ယင်း အစီအစဉ် ကို ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး နေ့တွင် ၆၂ လမ်းပေါ်ရှိ အနီဃာ သီလရှင် ကျောင်းတိုက် ၌ စိုက်ပျိုး၍ စတင် လိုက်သည်ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သည့် မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက ပြောကြား သည်။''ပျိုးခြံ တစ်ခု ထူထောင်ဖို့၊ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ တစ်ပတ် တစ်ကြိမ် သစ်ပင် စိုက်ပျိုးဖို့၊ အရိပ်ရ ပျိုးပင် လိုအပ်သူတွေကို ပျိုးပင် လှူဒါန်း သွားဖို့ ရည်ရွယ် ပါတယ်'' ဟု ဦးဆောင် စီစဉ်သူ တစ်ဦး ဖြစ်သူ ပန်သစ္စာ ဂျာနယ် အယ်ဒီတာချုပ် မောင်တင်သစ် က ပြောကြားသည်။ စိမ်းရောင်စို Activity အဖွဲ့တွင် မန္တလေးမြို့ မှ စာပေ အနုပညာရှင်များ၊ စာနယ်ဇင်း ဆရာများ၊ သစ်ပင် ချစ်သူများ ကမကထပြု ပူးပေါင်း ပါဝင်ကြောင်း ယင်း အဖွဲ့ထံမှ သိရှိ ရသည်။
စိမ်းရောင်စို Activity မန္တလေး ၏ အရိပ်ရ သစ်ပင် စိုက်ပျိုးရေး အစီအစဉ်တွင် မတည် ရန်ပုံငွေ လှူဒါန်း ထားသူများ၊ ပျိုးပင် လှူဒါန်းသူ၊ စိုက်ပျိုးရေး နည်းပညာ ပူးပေါင်း ဆောင်ရွက် သူများ ပါဝင်ကြောင်း ယင်းအဖွဲ့ ထံမှ သိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။
၁၄ . ၆ . ၂၀၁၀
|

0 comments:
Post a Comment