Navigation - link to other main sections from here


ရွှေရောင်လက် များက ကျောင်း အပ်နှံရန် အခက် အခဲ ဖြစ်နေသော ကလေး များအား ကျောင်း အပ်နှံပေး


ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်း အပ်နှံ နိုင်ရေး ဟူသော စေတနာဖြင့် ( ၂ဝ၁ဝ - ပညာသင်နှစ် ) အတွက် ကျောင်း အပ်နှံရေး အခက် အခဲ ဖြစ်နေသော မိဘမဲ့ ကလေးများ၊ မိတစ်ဆိုး၊ ဖတစ်ဆိုး ကလေး များနှင့် မိဘ နှစ်ပါး စလုံး ပြည့်စုံ သော်လည်း ချို့တဲ့ နွမ်းပါးသော ကလေး သူငယ်များကို '' ရွှေရောင် လက်များ သာရေးကူညီမှု ပရဟိတ အဖွဲ့'' က (၁၄၊၆၊၂ဝ၁ဝ) နေ့က သက်ဆိုင်ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ သို့ အပ်နှံ ပေးခဲ့သည်။ ထို ရွှေရောင်လက်များ သာရေး ကူညီမှု ပရဟိတ အဖွဲ့တွင် စာပေ ပညာရှင် များနှင့် အနုပညာရှင်များ ပါဝင်ပြီး ကျောင်း အပ်နှံရေး အခက် အခဲ ရှိနေသည့် ကျောင်းနေ အရွယ် ကလေးများကို ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ် စာအုပ်၊ ခဲတံ စသော ကျောင်းသုံး ပစ္စည်းများသာ မက ကလေးများ အတွက် လိုအပ်သော ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ လွယ်အိတ် နှင့် ဖိနပ် စသော အသုံး အဆောင်ပစ္စည်းများ ပါ ထောက်ပံ့ ကြောင်း နှင့် လာမည့် နှစ်များ တွင်လည်း ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းနေ နိုင်ရန် မိမိတို့ အဖွဲ့မှ တက်အား သရွေ့ ကြိုးစား သွားမည် ဖြစ်ကြောင်း စာရေးဆရာ ဗအုပ်ခိုင်က ပြောကြား သွားသည်။ ရွှေရောက် လက်များ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးလည်းဖြစ် အလှူရှင် တစ်ဦးလည်း ဖြစ်သော ကလေး အထူးကု ဆရာဝန် ဒေါက်တာ အလင်္ကာ (ကဗျာဆရာမ မိကောက်) နှင့် မိခင်ဖြစ်သူ တို့က ကလေးများ ကျောင်းအပ်နိုင်ရန် အတွက် အလှူငွေကျပ် (ငါးသိန်း) ကို ပေးအပ် လှူဒါန်း သွားသည်။ စေတနာရှင်၊ အလှူရှင်များ အနေဖြင့် ငွေကြေး ဖြစ်စေ၊ ကျောင်းသုံး ပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ (အသစ်/အဟောင်း) ၊ ကျောပိုးအိတ်၊ စာသင်ခုံ စသော ကျောင်းသုံး ပစ္စည်းများ လှူဒါန်းလို ပါက စာရေး ဆရာဗအုပ်ခိုင် ဖုန်း (၆၄၄ဝ၉ဝ၊ ၇၃ဝ၃၆၆၅၄) သို့ဖြစ်စေ၊ ဒေါက်တာ အလင်္ကာ ဖုန်း (ဝ၉၅ဝ၅ဝ၆ဝ၂) သို့ ဖြစ်စေ၊ ရုပ်ရှင် နှင့် ဗွီဒီိယို ဟာသသ ရုပ်ဆောင် ဖိုးဖြူ၊ ဖုန်း (ဝ၉၅၁၈၃၉၁၇) သို့ဖြစ်စေ လှူဒါန်း နိုင်ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြ ထားသည်။


၃၀ . ၆ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats