Navigation - link to other main sections from here


ငွေဆောင်တွင် တည်ဆောက် နေသည့် အဆင့်မြင့် ဈေးကြီး အောက်တိုဘာလတွင် ဖွင့်လှစ်မည်


ငွေဆောင်တွင် တည်ဆောက်လျက် ရှိသော အဆင်မြင့် ဈေးကြီးသည် ၂၀၁၀ အောက်တို ဘာလတွင် ဖွင့်လှစ် နိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း ငွေဆောင် ကမ်းခြေရှိ ဟိုတယ် လုပ်ငန်း ရှင်များ အသင်း ငွေဆောင်ဇုန် ဘဏ္ဍာရေးမှူး ဒေါက်တာ အောင်ဌေးလင်း က ပြောသည်။ ငွေဆောင်မှာ ဈေးသစ်ကြီးကို မြို့ပတ်လမ်းနဲ့ ဆေးရုံ မျက်နှာချင်း ဆိုင်မှာ ဇန်နဝါရီလ လောက် ကစပြီး တည်ဆောက် နေတာပါ။ အခု မိုးတွင်းလည်း ဆောက်နေပါ တယ်။ အောက်တိုဘာလ လောက်ဆို ပြီးစီး နိုင်တဲ့ အခြေအနေ ရှိပါတယ်။ အခု ငွေဆောင်မှာ ဈေးမရှိ သေးပါဘူး။ ဆိုင်ခန်းလေး တွေနဲ့ ရောင်းနေ ကြတာပဲ ရှိတယ်။ အခုလို ဈေးကြီး ဆောက်လိုက်တဲ့ အတွက်ကြောင့် ဟိုတယ် လုပ်ငန်းရှင်များ အသင်း နဲ့ ငွေဆောင်မှာ ရှိတဲ့ ဒေသခံတွေ လည်းဝမ်းသာနေ ကြတယ်ဟု ၄င်းက ပြောသည်။ ပုသိမ်ခရိုင် ငွေဆောင်တွင် ယခင်က ဈေး မရှိသည့် အတွက် ဒေသ ထွက် ပစ္စည်း များကို ရောင်းချ လိုလျှင် ရောင်းချစရာ နေရာ မရှိသည့် အတွက် အခြား မြို့နယ် များသို့ သွားရောက် ရောင်းချ ရသည်။ ယခု အချိန်တွင် အဆင့်မြင့်ဈေး ဆောက်လုပ်သည့် အတွက် အရောင်း အဝယ် လုပ်ငန်းများ အဆင်ပြေ လာနိုင် မည်ဖြစ်ပြီး၊ မြို့အင်္ဂါရပ် နှင့် လည်း ညီညွတ် လာမည် ဖြစ်သည်။ အဆိုပါ ဈေးကို ပုသိမ် မြို့နယ်ရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ ဆောက်လုပ်ပြီး၊ လူများပါ နေထိုင် နိုင်ရန် စီစဉ် ထားရှိမည် ဖြစ်ပြီး၊ ၆ ပေ ပတ်လည် အခန်း ၆၀ နှင့် ၁၀ ပေ ၁၅ ပေ ပတ်လည် အခန်း ၆၀ ပါရှိမည် ဖြစ်သည်။ ဈေးကော်မတီ ရုံးခန်းက ဖွင့်၍ ဆိုင်ခန်းများ ကြိုတင် ရောင်းချ နေပြီ ဖြစ်သည်။


၂၈ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats