Navigation - link to other main sections from here


မုတ္တမကမ်းလွန်မှ ဓါတ်ငွေ့များ ရန်ကုန်သို့ ၂၄ လက်မ ပိုက်ဖြင့် ပို့


မြန်မာနိုင်ငံ မုတ္တမ ကမ်းလွန်ရှိ ရတနာ ဓါတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းမှ ဓါတ်ငွေ့များကို ရန်ကုန်မြို့သို့ ၂၄ လက်မ ပိုက်သစ်ကြီး အသုံးပြုလျက် ပို့ဆောင်နေပြီဟု သိရှိရပါသည်။ ယင်းသို့ ပို့ဆောင်ခြင်းဖြင့် လျှပ်စစ် ဓါတ်အား ပြတ်တောက်မှု လျော့ကျသွားမည် ဖြစ်ပါသည်။ ယင်း ပိတ်လိုင်းမှ တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်း ၁၅၀ ပို့လွှတ်မည် ဖြစ်ပြီး ရတနာ ဓါတ်ငွေ့ ထုတ်လုပ်ရေးမှ ဖိအား ၁၄၀၀ ပီအက်စ်အိုင်ဖြင့် ပို့လွှတ် လိုက်ခြင်းကို ထိန်းချုပ်ရေး စခန်းဖြစ်သော ဖျာပုံခရိုင် ဒေါ်ငြိမ်း ကျေးရွာရှိ ပိုက်လိုင်း စင်တာမှ ဖိအား ၈၀၀ ပီအက်စ်အိုင်ဖြင့် အင်းစိန်ရွာမ ဓါတ်ငွေ့ ဖြန့်ဖြူးရေး စခန်းသို့ ထိန်းချုပ် ပို့လွှတ်မည် ဖြစ်ပါသည်။ ယင်း ပိုက်လိုင်းမှာ ကုန်းတွင်းပိုင်းတွင် ၁၃၆ ကီလိုမီတာ ရှည်လျားပြီး ပင်လယ်ကြမ်းပြင် ရေအောက်တွင် ၁၅၁ ကီလိုမီတာ ရှည်လျားမည် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ရတနာ ဓါတ်ငွေ့ ထုတ်လုပ်ရေးမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စက်ရုံများသို့ ပို့လွှတ်နေသော ဓါတ်ငွေ့ ပိုက်အဟောင်းမှာ ယိုစိမ့် ခဲ့သည့်အတွက် ဓါတ်အားများ လျော့ကျ ပြတ်တောက် ခဲ့ရပါသည်။

မေလ အလယ်လောက်တွင် လူနေအိမ်များကို ဓါတ်အား ပေးနိုင်ရေး အတွက် အိမ်တွင်း စက်မှု လုပ်ငန်းများကို ယာယီ လျှပ်စစ် ဖြတ်တောက်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ယင်းယာယီ ဖြတ်တောက် ထားမှုများကို လွန်ခဲ့သော အပတ်က စက်မှုဇုံ များမှလွဲလျှင် ပြန်လည် တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဓါတ်ငွေ့နှင့် ရေအားလျှပ်စစ်မှ လျှပ်စစ် ထုတ်လုပ်မှု မာဂါဝပ် ၆၆၀ ရှိပြီး ယင်း၏ ထက်ဝက် ဖြစ်သော ၃၃၀ မီဂါဝပ်ကို ရန်ကုန်မြို့တွင် ဖြန့်ဖြူး ပေးလျက် ရှိပါသည်။ သို့သော် ရန်ကုန်မြို့၏ လျှပ်စစ် လိုအပ်ချက်မှာ ၆၆၀ မီဂါဝပ် ဖြစ်သဖြင့် လျှပ်စစ် ဓါတ်အား ပြတ်တောက် လျော့ကျမှုများ ရှိနေခြင်း ဖြစ်ကြောင်း သတင်း ဖော်ပြချက် များအရ သိရှိရပါသည်။


၁၁ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats