Navigation - link to other main sections from here


ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ အတွက် စည်းရုံး ရာ၌ လမ်းပန်း ဆက်သွယ် ရေးသည် စိန်ခေါ်မှု တစ်ရပ် ဖြစ်နိုင်


ရန်ကုန်မြို့ အခြေစိုက် ချင်းအမျိုးသား ပါတီ သည် စည်းရုံးခွင့် ရရှိပါက အဆိုပါ ပြည်နယ် အတွင်းရှိ မြို့နယ် ကိုးခု၌ စည်းရုံး ဆောင်ရွက် သွားမည် ဖြစ်ရာ ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေး နှင့် ဒေသ၏ ပထ၀ီ အနေ အထား များကြောင့် အခက် အခဲ ရှိနိုင်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။ ချင်းပြည်နယ်သည် တောင်တန်း ဒေသ ဖြစ်သည့် အားလျော်စွာ မိုးတွင်း အခါများတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ မှုများ ရှိပြီး ခြေကျင် လျှောက်ကာ ပါတီ လှုပ်ရှားမှု များကို ဆောင်ရွက်မည် ဆိုပါက ခရီး ပေါက်နိုင်ရန် ခဲယဉ်းသည့် အတွက် ယင်း အခက် အခဲသည် ၎င်းတို့ အတွက် အကြီး မားဆုံး စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"နောင်လာမယ့် မျိုးဆက်တွေ အတွက် မှန်းပြီးတော့ ဖွဲ့ထားတာ ဖြစ်တယ်။ ဦးဆောင်မယ့် သူတွေ ကတော့ လူငယ်တွေ ဖြစ်လာမှာ ဖြစ်တဲ့ အတွက် နိုင်ငံရေးမှာ တက်ကြွပြီး ရင်ခုန်သံချင်း တူတဲ့ နိုင်ငံရေး သမားတွေ စုပြီး လုပ်တာ ဖြစ်ပါတယ်"ဟု ဦးဇိုဇမ်က ပြောသည်။ ဦးဇိုဇမ် သည် ယခင် အစောပိုင်း ကာလများ တွင် ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု များ၌ ပါဝင်ခဲ့ပြီး ယခု အချိန်တွင် ၎င်း၏ အသက်အရွယ် အရ ဆက်လက် လှုပ်ရှားရန် မသင့်တော်သည့် အတွက် ပါတီ နိုင်ငံရေးကို စနစ် တကျ ဖွဲ့စည်းပြီး ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော် သုံးရပ် စလုံး၌ ၀င်ရောက် ရန်မှန်း ထားကြောင်း၊ ပြည်နယ် မြို့နယ် အားလုံးတွင် သာမက မြေပြန့် ချင်းလူမျိုး များရှိသည့် မင်းဘူး နှင့် စကု စသည့် မြို့နယ်များ သို့လည်း စည်းရုံး သွားရန် ဆန္ဒ ရှိကြောင်း ဦးဇိုဇမ်က ဆိုသည်။ ဦးဇိုဇမ် သည် ၁၉၈၂ မှ ၁၉၈၃ ခုနှစ် တွင် အနောက် ဂျာမနီမှ ဘွဲ့ရရှိ ခဲ့ကာ စက်မှု သင်တန်းကျောင်းတွင် နည်းပြ ဆရာ အနေဖြင့် ဆောင်ရွက် ခဲ့သည်။ ၁၉၈၆ ခုနှစ်မှ စတင်ခါ ကာတွန်းဆရာ အဖြစ် စာပေလောကသို့ ၀င်ရောက် ခဲ့ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။


၁၀ . ၆ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats