Navigation - link to other main sections from here


ကျပ်ငါးသိန်းဖုန်း ဘီလ်ကတ် ကတ်ပျက် နှင့် သုံးပြီးသား ကတ်များကို ရောနှော ရောင်းချ မှုများရှိ


ကျပ် ငါးသိန်းတန် ဖုန်းဟု လူသိ များသည့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်း များတွင် ထည့်သွင်း အသုံး ပြုသည့် ဖုန်းဘီလ်ကတ် ဖြစ်သော Top Up ကတ် အချို့ကို မိုဘိုင်းဖုန်းဆိုင် များမှ ၀ယ်ယူ ရာတွင် သုံးစွဲ၍ မရသည့် ကတ်များနှင့် အသုံးပြုပြီး ကတ်များ ရောနှော ပါဝင် လာခြင်း မျိုးများ ရှိကြောင်း သုံးစွဲသူ အချို့က ပြောကြား သည်။ ထိုကဲ့သို့ ရောနှော ပါဝင် လာခြင်း များကြောင့် ဖုန်း သုံးစွဲ သူများ အနေဖြင့် အခက် အခဲများ ကြုံတွေ့ပြီး ဆုံးရှုံးမှု javascript:void(0)များလည်း ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ ရန်ကုန်မြို့၊ အင်းစိန် မြို့နယ်နေ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်း သုံးစွဲသူ တစ်ဦးက “ဖုန်းရတာသိပ် မကြာသေးဘူး။ ခုဖုန်းထဲမှာ ပိုက်ဆံသိပ် မကျန် တော့လို့ ပိုက်ဆံ ထပ်ဖြည့်မယ် ဆိုပြီး Top Up တစ်ကတ်ကို ၀ယ်လိုက်တယ်။ အိမ်ရောက်တော့ ကတ်မှာ ပါတဲ့ခဲ ကိုခြစ်ပြီး ကုတ် နံပါတ်ကို ရိုက်ထည့်တဲ့ အချိန်မှာ ဖုန်းထဲမှာ ပိုက်ဆံတက် မလာပါဘူး။ အဲဒါနဲ့ နောက်တစ်ကြိမ်ထပ် လုပ်ကြည့် ပါတယ်။ ဒါလည်း အဆင် မပြေဘူး။ ဖုန်းထဲက ပိုက်ဆံက နဂို အတိုင်းပဲ” “ဘာမှ မထူးခြား လာလို့ ဆိုင်ကို သွားပြန်ပြောတော့ ကတ်က ခဲခြစ်ပြီးသား ဖြစ်နေတဲ့ အတွက် လဲပေးလို့ မရဘူးလို့ ပြောပါတယ်။ ကျွန်တော်ဝယ် လာတာက ကျပ်တစ်သောင်းတန် ကတ်ပါ။ သုံးလို့မရ တော့ပါဘူး” ဟု ပြောသည်။

ထို့အတူ တာမွေမြို့နယ်တွင် နေထိုင်သည့် အဆိုပါဖုန်း သုံးစွဲသူ သုံးဦး ကလည်း အလားတူ ဖြစ်ရပ်များ ကြုံတွေ့ ခဲ့ရကြောင်း ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Top Up ကတ်များ ဖြန့်ချိသည့် အီလိုက်တက် ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်း ခဲ့ရာ ထိုကုမ္ပဏီ၏ စီးပွားရေးဌာန၊ ဌာနမှူး ဦးမိုးမင်းဟိန်းက ၎င်းတို့ အနေဖြင့် အဆိုပါ ကတ်များ၏ အရည်အသွေး စစ်မှန်မှုကို ၎င်းတို့ ကုမ္ပဏီ နှင့် တရားဝင် ရောင်းချခွင့် ပေးထားသည့် ဆိုင်များမှ ၀ယ်ယူပါ က အာမခံ နိုင်ကြောင်း ပြောကြားသည်။ “ကျွန်တော်တို့ အီလိုက်တက် အနေနဲ့ ၀ယ်ယူတဲ့ သူတွေ အဆင်ပြေပြေ ၀ယ်နိုင်အောင် အီလိုက်တက် နာမည်နဲ့ ဆိုင် ခုနစ်ဆိုင်၊ ပြီးတော့ စီးတီးမတ် နဲ့ တခြား မိုဘိုင်းဖုန်း ဆိုင်တွေမှာလည်း ၀ယ်ယူ နိုင်အောင် စီစဉ်ပေးထား ပါတယ်” ဟု ၎င်းကပြောသည်။ ကတ် ၀ယ်ယူသူများ အနေဖြင့် အခက် အခဲကြုံတွေ့ခြင်း မရှိစေရန် အဆိုပါ ခဲခြစ်ကတ်များတွင် ပါဝင် သည့် MPT တံဆိပ်ကို ကြည့်ကာ သေချာ စစ်ဆေး ၀ယ်ယူစေ လိုကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြ ထားသည်။


၂၉ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats